အီလက်ထရောနစ်ဆိုင်ရာ စစ်ဘက်သုံးပစ္စည်းတွေ ၊ ရေဒါစနစ်တွေအပါအဝင် ယူကရိန်းနိုင်ငံကို နောက်ထပ်စစ်ရေးအကူအညီ ပေါင်သန်း ၃၀၀ ထောက်ပံ့သွားမယ်လို့ ဗြိတိန်နိုင်ငံက မေလ ၂ရက်နေ့မှာ ပြောပါတယ်။
လက်ရှိအချိန်ထိ ဗြိတိန်ရဲ့ ထောက်ပံ့မှု ပေါင်သန်း ၂၀၀ ဝန်းကျင်ရှိပြီလို့ သိရပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့ဖေဖော်ဝါရီ ၂၄ ရက်ကစပြီး ဗြိတိန်ဟာ တင့်ကားဖျက်ဒုံးကျည် ၅,၀၀၀ ကျော်နဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်ငါးခုအပြင် ဖောက်ခွဲရေးပစ္စည်းတွေကို ယူကရိန်းနိုင်ငံသို့ ပေးပို့ခဲ့ပါတယ်။
ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် ယူကရိန်း မြို့ကြီးတော်တော်များများ ပျက်စီးခဲ့ပြီး လူထောင်ချီသေဆုံးကာ သောင်းနဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
အမေရိကန်ကလည်း လက်ရှိအချိန်ထိ ယူကရိန်းကို စစ်ရေးအကူအညီ ဒေါ်လာ ၃ ဘီလီယံ ပေးအပ်ခဲ့ပြီး ယူကရိန်းအတွက်စစ်ရေးအကူအညီ ဒေါ်လာ ဘီလီယံ ၂၀ ကျော်ကို အတည်ပြုဖို့ သမ္မတ ဂျိုးဘိုင်ဒန်က ပြီးခဲ့သော သီတင်းပတ်မှာ အမေရိကန် ကွန်ဂရက်ကို တောင်းခံခဲ့ပါတယ်။
ယူကရိန်းကို စစ်ဘက်ဆိုင်ရာအကူအညီပေးတာနဲ့ပတ်သတ်ပြီးတော့ နေတိုးအဖွဲ့ဟာ ယူကရိန်းကို လက်နက်တပ်ပေးပြီး ရုရှားကိုဆန့်ကျင်နေပါတယ် ဒါဟာ ထိလွယ်ရှလွယ် အခြေအနေနဲ့ ဖန်တီးခဲ့တယ်လို့ ရုရှားအစိုးရက စွပ်စွဲပြောဆိုထားပါတယ်။