ဂျပန်စွမ်းအင်ကုမ္ပဏီ ENEOS ရဲတံခွန်စီမံကိန်းကနေ နုတ်ထွက်တော့မယ်

Photo- AFP
ဂျပန်စွမ်းအင်ကုမ္ပဏီကြီး ENEOS ဟာ မြန်မာနိုင်ငံ ရဲတံခွန်စီမံကိန်းကနေ နုတ်ထွက်တော့မယ်လို့ ဒီကနေ့ ကြေညာလိုက်ပါတယ်။
ENEOSဟာ သူနဲ့စီမံကိန်းအတူလုပ်ကိုင်နေတဲ့ မလေးရှား Petronas ကုမ္ပဏီနဲ့ ထိုင်းက PTTEP ကုမ္ပဏီတို့က ရဲတံခွန်စီမံကိန်းကနေ ထွက်ခွာတော့မယ်လို့ ကြေညာပြီး ရက်ပိုင်းအတွင်းမှာအခုလို ထုတ်ပြန်လိုက်တာပါ။
ENEOS ကုမ္ပဏီဟာ ဂျပန်အစိုးရ၊ မစ်ဆူဘီရှီကော်ပိုရေးရှင်းတို့နဲ့အတူ မြန်မာနိုင်ငံတောင်ပိုင်းရှိ ရဲတံခွန်စီမံကိန်းမှာ လုပ်ကိုင်နေပြီး သူတို့ရဲ့ ရှယ်ယာ ၁၉.၃ ရာခိုင်နှုန်းရှိကာ ဆယ်စုနှစ် နှစ်ခုကြာ လုပ်ကိုင်နေတာပါ။
လူမှုရေးပြဿနာတွေနဲ့ ရဲတံခွန်ဓာတ်ငွေ့တွင်းရဲ့ နည်းပညာပိုင်းဆိုင်ရာ အကဲဖြတ်မှုအပေါ် အခြေခံကာ နိုင်ငံရဲ့ လက်ရှိအခြေအနေကို ထည့်သွင်းစဉ်းစားပြီးနောက် နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ENEOS ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ENEOS ရဲ့ နုတ်ထွက်မှုဟာ မြန်မာစစ်အုပ်စုဆီက အတည်ပြုချက်ရပြီးရင် အသက်ဝင်လာတော့မယ်လို့လည်း ထုတ်ပြန်ထားပါတယ်။