ပုလောမှာ ၃ နာရီခွဲကြာ တိုက်ပွဲဖြစ်ပွား၊ အကြမ်းဖက်စစ်သား ၂ ဦးသေ

Phto – Palaw Regional Defense Force
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း ၃ နာရီခွဲကြာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မေလ၁ရက်နေ့၊ နေ့ခင်း ၁၂ နာရီခွဲလောက်က ပုလောမြို့နယ်၊ ကျောင်းနိမ့်ရွာထဲ စစ်ကြောင်းချီဝင်လာတဲ့ အကြမ်းဖက်တပ်နဲ့ မဟာမိတ်တပ်ပေါင်းစုတို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော် (PPDF) က ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်သားတစ်ဦး ဒဏ်ရာရရှိခဲ့သလို PDF ရဲဘော်တစ်ဦးလည်း မစိုးရိမ်ရ ဒဏ်ရာရခဲ့ပါတယ်။
ကျောင်းနိမ့်၊ ပိန္နဲတောင်နဲ့ ဆားခဲရွာက ပြည်သူတစ်ထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပုလော စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲရေး ကော်မတီ (IDPCMC) နဲ့ ပြည်သူ့ ကာကွယ်ရေး မဟာမိတ် တပ်ပေါင်းစု အကူအညီနဲ့ စစ်ဘေးရှောင် ပြည်သူတွေကို ဘေးကင်းလုံခြုံရာဆီ ပြောင်းရွေ့နေရာ ချထားပေးခဲ့ကြောင်း Palaw Regional Defense Force-PRDF က ထုတ်ပြန်ပါတယ်။