မင်းဘူး-စကုလမ်းပေါ် ဆက်ကြေးကောက်နေတဲ့ ရဲတွေကို အင်အားပြင်းအဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်

မကွေးတိုင်း၊မင်းဘူး-စကုကားလမ်းမပေါ်ရှိတိုးဂိတ်အနီး မှာ ပြည်သူတွေဆီကနေ ဆက်ကြေးကောက်ငွေညှစ်တောင်းခံနေတဲ့ အကြမ်းဖက် ရဲတွေကို ဒီနေ့မနက် ၆နာရီခွဲလောက်က အင်အားပြင်းအဝေးထိန်းမိုင်းနှစ်လုံး နဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မင်းဘူး၊စကုပြည်သူ့ကာကွယ်ရေးတပ်မတော်(M.S.PDF)ကတိုက်ခိုက်ခဲ့​ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးမှုအခြေအနေကိုစုံစမ်း နေဆဲ ဖြစ်ကြောင်း M.S.PDF က ထုတ်ပြန်ပါတယ်။
နောက်နောင်အဲဒီနေရာမှာ ပြည်သူတွေအနှောင့်အယှက်ဖြစ်စေဖို့ တစ်စုံတစ်ရာထပ်မံပြုလုပ်ပါက အခုထက်ပိုပြင်းထန်စွာ တိုက်ခိုက်သွားမယ်လို့လည်း ဆိုပါတယ်။
တိုက်ပွဲဖော်ဆောင်မှုတွေ များလာနိုင်တဲ့အတွက် ပြည်သူတွေ အနေနဲ့ မလိုအပ်ဘဲ အပြင်ထွက်သွားလာခြင်းမပြုလုပ်ကြဖို့နဲ့ စစ်အုပ်စုနဲ့ နီးနီးကပ်ကပ်နေခြင်းတွေကိုတတ်နိုင်သမျှရှောင်ရှားကြဖို့ M.S.PDF က မေတ္တာရပ်ခံပါတယ်။