တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ပန်းဒလဲကျေးရွာမှာ ဒီနေ့မနက် ၁ နာရီလောက်က စစ်အုပ်စုလက်အောက်ခံ ပျူစောထီးတွေ နဲ့ ၄၅ မိနစ်ကြာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ Dawei Defense Team-DDT က ထုတ်ပြန်ပါတယ်။
ပ.က.ဖ (ထားဝယ်) DDTတပ်ခွဲ (၃) နဲ့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပ.က.ဖ (လောင်းလုံး) တို့ ပူးပေါင်းပြီး မေလ ( ၁ ) ရက်နေ့ မနက် ၁ နာရီလောက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
အဲဒီတိုက်ပွဲမှာ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီး ပျူစောထီးတွေရဲ့ ထိခိုက်ကျဆုံးမှုကို အတည်မပြုနိုင်သေးကြောင်း ထုတ်ပြန်ပါတယ်။
ဧပြီ ၂၈ ရက်နေ့ မနက် ၇ နာရီကျော်ကလည်း ပန်းဒလဲရွာရှိ ပျူစောထီးအဖွဲ့ဝင် ဒေါ်သန်းသန်းတင့်ကို Dawei Defense Team (DDT တပ်ခွဲ ၃) က ကျည် ၄ ချက်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ပါတယ်။
ဒေါ်သန်းသန်းတင့်ဟာ ပျူစောထီးအဖွဲ့ဝင် တစ်ဦးဖြစ်ပြီး ကျေးရွာစျေးတွေမှာ ဆက်ကြေးကောက်ခံကာ စစ်အုပ်စုကိုကျောထောက်နောက်ခံ ကူညီပေးနေသော သူတစ်ဦးလို့ ဆိုပါတယ်။