လူသားတံတိုင်းသုံး စစ်တပ်နဲ့ဖောင်းပြင်မှာတိုက်ပွဲဖြစ်၊ အကြမ်းဖက်စစ်သား ၁၅ဦးထက်မနည်းသေ

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်အတွင်း အရွယ်မရောက်သေးတဲ့ကလေးတွေကို လူသားတံတိုင်းအဖြစ်အသုံး ပြုချီတက်လာတဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ရာအကြမ်းဖက်စစ်သား၁၅ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ သိရ ပါတယ်။
ဧပြီ(၂၈)ရက်နေ့က အကြမ်းဖက်စစ်သား၇၀လောက်ဟာမြင်သာရွာကအရွယ်မရောက်သေးတဲ့ကလေးတွေကို လူသားတံတိုင်းအဖြစ်အသုံးပြုပြီးနောင်စကန်၊ရွှေထီးကုန်းလမ်းအတိုင်းချီတက်လာခဲ့ရာအသင့်နေရာယူထားတဲ့ PDF တွေနဲ့ မနက်၆နာရီလောက်မှာ စတင်ထိတွေ့မှုဖြစ်ပွားခဲ့ပြီးမိနစ်၄၀လောက်ကြာအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။
PDFတွေက လက်ဦးမှုရယူတိုက်ခိုက်နိုင်ခဲ့လို့ ရန်သူ(၁၅)ဦးထက်မနည်းသေဆုံးခဲ့ပြီး PDFရဲဘော်တွေ ထိခိုက်မှုမရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖောင်းပြင်PDF ကဒီကနေ့သတင်းထုတ်ပြန်ပါတယ်။
ပကဖ စခန်းဘက်မှာတော့ရဲဘော်၂ဦးကျဆုံးခဲ့ပြီး မစိုးရိမ်ရဒဏ်ရာရသူ၂ဦးရှိကြောင်းသိရပါတယ်။
အဲဒီတိုက်ပွဲမှာ အကြမ်းဖက် စစ်တပ်နဲ့အတူရှမ်းနီအမျိုးသားတပ်မ တော်(SNA)ကစိုင်းပြူးရဲ့တပ်တွေပါတယ်လို့သိရကြောင်းထုတ်ပြန်ပါတယ်။
ဧပြီ(၂၉)ရက်နေ့ညနေ ၃နာရီခွဲလောက်မှာဖောင်းပြင်မြို့နယ်သံဃာ့နာယကဥက္ကဌလည်းဖြစ်၊ မဘသ ဥက္ကဌလည်းဖြစ်တဲ့ ရွှေညောင်ပင်ဆရာတော်ဦးဇဝန ကျောင်းမှာစုဖွဲ့နေကြတဲ့ စစ်တပ်နဲ့ ပျူစောထီးတွေကို ဖောင်းပြင် PDF ကသွားရောက်တိုက်ခိုက်ခဲ့ပြီး PDF ရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။