ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်း ၁၀၄ ရပ်ကွက် ကံကော်လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်နေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနဲ့ ရဲကင်းမှူးတို့ အပစ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ ဧပြီလ ၃၀ ရက်နေ့ မနက် ၉ နာရီလောက်က စက်မှုဇုန် (၂) ထိပ်မှာရှိတဲ့ ကံကော်လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်နေတဲ့ ၁၀၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲညွှန့်၊ ရာအိမ်မှူးနဲ့ ရဲကင်းမှူးတို့ကို အမည်မသိ သေနတ်သမားအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“အကုန်သေသွားပြီလို့ ပြောပါတယ်၊ ဘယ်ကဝင်ပစ်သွားလဲတော့ မသိဘူး အကုန်လုံးပျော်ရတာပေါ့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပစ်ခတ်မှုဖြစ်စဉ်နဲ့ ပက်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ သီးခြား သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။