ကလေးတောင်ပိုင်းမှာ စစ်သားအလောင်းတွေနဲ့ လက်နက်တချို့ တွေ့ရှိ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကို နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် မကောက်ဘဲထားပစ်ခဲ့တဲ့ အကြမ်းဖက်စစ်သားတွေရဲ့အလောင်းနဲ့ လက်နက်တချို့ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ဧပြီလ ၂၇ ရက်နေ့က တိုက်ပွဲပြင်းထန်ခဲ့တဲ့ ကလေးမြိုနယ်တောင်ပိုင်း အရှေ့စည်းရွာအနီးဝန်းကျင်ကို Ranger Kalay Defend Force(RKDF )နဲ့ ပူးပေါင်း တပ်ဖွဲ့တို့က နယ်မြေရှင်းလင်းခဲ့ရာ တိုက်ပွဲအတွင်း သေဆုံးသွားပြီး မကောက်ပဲထားပစ်ခဲ့တဲ့ အကြမ်းဖက်စစ်သား အလောင်း ၇ လောင်း နဲ့ အတူ MA မောင်းပြန် ၁ လက်၊ MA ကျည်အိမ် ၈ ခု၊ ကျည် တောင့် ၅၀၀ ၊ အီနာဂါ ဗုံးသီး ၁ လုံး၊ ၆၀ မမ ဗုံးသီး ၂ လုံး၊ ဖုန်း ၃ လုံးနဲ့ စကားပြောစက် ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း RKDF ကဒီကနေ့ထုတ်ပြန်ပါတယ်။
အခုရက်ပိုင်းအတွင်း ကလေးတောင်ပိုင်းမှာ တိုက်ပွဲတွေ ဆက်တိုက်ဆိုသလိုဖြစ်ပွားနေအတွက် ကျည်နဲ့ တခြားအရာတွေ အရေးပေါ် လိုအပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ ဝိုင်းဝန်းကူညီထောက်ပံ့ ပေးကြဖို့ မေတ္တာရပ်ခံကြောင်းလည်း RKDF ကဆိုပါတယ်။