မေလ ၁ ရက်နေ့မှာကျရောက်မယ့် နိုင်ငံတကာ အလုပ်သမားနေ့(Mayday)ကိုကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ ဒီနေ့ ဧပြီလ ၃၀ရက်နေ့မှာ “အလုပ်သမားအင်အားဖြင့် ဖက်ဆစ်တပ်ကိုတိုက်ထုတ်ကြ” စာသားကိုင်ဆောင်ပြီး ရန်ကုန်မြို့တစ်နေရာမှာ လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။
အဆိုပါလှုပ်ရှားမှုကိုSC strike (စမ်းချောင်းပင်မသပိတ်စစ်ကြောင်း) , LGBT community Yangon , Labor Alliance အဖွဲ့ဝင် CTUM , RF (Revolution Force) သပိတ်အင်အားစုများပူးပေါင်းလုပ်ဆောင်ခဲ့ တာလို့ဆိုပါတယ်။
စစ်အုပ်စုလုံခြုံရေးတင်းကြပ်နေတဲ့ကြားမှ အာဏာရှင်စနစ်ဆိုးကို ပြည်သူအားလုံးပါဝင်တော်လှန်ကြဖို့နဲ့ အလုပ်သမားအင်အားနဲ့ ဖက်ဆစ်စစ်တပ်ကိုတိုက်ထုတ်ကြဖို့ May Day (နိုင်ငံတကာအလုပ်သမားနေ့) အလုပ်သမားတွေအတွက် စာတန်းချိတ်ဆွဲ စာရွက်ကြဲတဲ့ လှုပ်ရှားမှုတွေပြုလုပ်ခဲ့ကြတာပါ။
Crd-LGBT community Yangon