မင်းအောင်လှိုင်ငြိမ်းချမ်းရေးနဲ့ အရိုးအရင်းကိုက်ကြမယ့်သူတွေ

တကယ်အတည်ပြောနေတာပါဆိုတဲ့ အပေါက်မျိုး။မင်းအောင်လှိုင်ကိုယ် တိုင် ငြိမ်းချမ်းရေးစကား ပြောပါ မယ်လို့ ဧပြီ၂၂ရက်နေ့က ပြောကြားခဲ့တယ်။ ငြိမ်းချမ်းရေးဆွေးနွေးဖို့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင် ၂ဦးစီရဲ့ စာရင်းကို ၂၀၂၂ မေလ ၉ ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့ကြပါတဲ့။မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးသောရာဇ ဝတ်ကောင်ကြီးက အဲဒီလို ပြောကြားလိုက်ချိန်မှာ နည်းနည်းပါးပါး လှုပ်လှုပ်ခတ်ခတ်လေးတော့ ဖြစ်လာ တယ်။မင်းအောင်လှိုင်ပြောတဲ့ငြိမ်းချမ်းရေး သင်ဘယ်လိုမြင်မိသလဲဆိုတဲ့ မေးခွန်းနဲ့အဖြေတွေကလည်း မီဒီ ယာစာမျက်နှာထက် ပြေးပြေးလွှားလွှားလေးရောက်လာခဲ့တယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ဒုဥက္ကဌ ဒေါ်စောမြရာဇာလင်းကတော့ တစ်ခါတည်း ပစ် ထောက်ခံလိုက်တယ်။မင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို ကြိုဆိုကြောင်း။ဗိုလ်မှူးကြီးခွန်ဥက္ကာ ကတော့ ချိန်ချိန်ဆဆ၊NCA လက်မှတ်ထိုးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဆွေးနွေးပြီးမှ မင်းအောင် လှိုင်ငြိမ်းချမ်းရေးကို သဘောထားပေးမယ်တဲ့။ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နဲ့ ချင်းအမျိုး သားတပ်ဦး(CNF)ကတော့ ခပ်ရှင်းရှင်း၊မင်းအောင်လှိုင်နဲ့ ဆွေးနွေးရန်အကြောင်းမရှိ။ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကမူ မင်းအောင်လှိုင်ရဲ့ ဖိတ်ခေါ်ချက်နဲ့ပတ်သက်ပြီး KIO ဗဟိုကော်မတီရဲ့သဘောထားကို မသိရသေးပေမဲ့ စစ်အုပ်စုနဲ့ ဆွေးနွေးရေးဟာ အလုပ်ဖြစ်မယ်မထင်ကြောင်း။

KNUနိုင်ငံခြားရေးဌာနအကြီးအကဲ ပဒိုစောတောနီးကတော့ နိုင်ငံရေးကနေ စစ်တပ် ဆုတ်ခွာမယ်ဆို မှသာ ဆွေးနွေးနိုင်မယ်လို့ ပြောကြားလိုက်တယ်။

အခုအချိန်မှာ မင်းအောင်လှိုင်ငြိမ်းချမ်းရေးဆီ ဘယ်သူတွေသွားတက်မလဲဆိုတာ သေချာပေါက်မ ပြော နိုင်သေးပေမဲ့ ဘယ်လိုမှမဖြစ်နိုင်တဲ့ တွေ့ဆုံဆွေးနွေးရေးကိုနင်းကန်ပြောနေပြီး လည်သလိုရပ်တည် နေတဲ့ အင်အားခပ်နည်းနည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တချို့ကတော့ သွားတက်မှာသေချာပါတယ်။

သွားတက်ကြမယ့်အဖွဲ့တွေကို ဘာ့ကြောင့် သွားတက်ကြမလဲလို့ မေးပါက ရင်ဘတ်စည်တီးလို့ ငြိမ်း ချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးအဖြေရှာရေးနည်းလမ်းကိုသာ ယုံကြည်လို့ပါလို့ အထစ်အငေါ့မရှိတစ်သံ တည်း ဖြေကြား ကြမှာလည်း သေချာပါတယ်။အထူးသဖြင့် NCAလက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့။မင်းအောင်လှိုင်နဲ့နေပြည်တော်သွားတွေ့၊မတွေ့ တစ်ဖွဲ့ချင်းစီကပဲ ဆုံးဖြတ်မလား။အစုအဖွဲ့ အလိုက်ဆုံးဖြတ်မလား။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်း ရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်ကော်မတီ PPST ရဲ့ ရပ် တည်ချက်ကတော့ သေနတ်ကိုင်ပြီး နှုတ်ခမ်းနီဆိုးထားသလားလို့ ထင်မှတ်ရလောက်အောင် ပြည်သူကို အကြမ်းဖက်နေတဲ့ စစ်အုပ်စုနဲ့ ဆက်ဆံရေးဟာ နွှဲ့ပျောင်းလို့။သံကြီးတမန်ကြီးတွေပမာ သံတမန်စကား တွေကိုသာရွတ်ဆိုလို့။

PPSTရဲ့ စစ်တပ်အာဏာသိမ်းပြီးနောက် ရပ်တည်ချက်ဟာ နိုင်ငံရေးလေနဲ့ဝမ်းမကွဲ ခဲ့လေတော့ ဘူနေတဲ့မျက်နှာတွေနဲ့သာ တွေ့ဆုံဆွေးနွေးအဖြေရှာရေးဆိုတဲ့ နိုင်ငံရေးဂုဏ်သိက္ခာရှိလှတဲ့ စကားလုံးလှလှ ကိုသာ တောက်လျှောက်သုံးခဲ့တယ်။

မှတ်မှတ်ရရ၊အခုအာဏာသိမ်းကာလအတွင်း PPST ကနိုင်ငံရေး လေနဲ့ဝမ်းကွဲခဲ့တာဆိုလို့ အောက်တိုဘာ ၂၉ ရက်နေ့က ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ နေအိမ်ပေါင်း ၁၆၀ ကျော်ကို စစ်တပ်က မီးရှို့ခဲ့တာ၊ စစ်ကိုင်း၊ မကွေးနဲ့ ကရင်နီဒေသတွေမှာ ပြည်သူ့အိုးအိမ်တွေ ၊ဘာသာရေး အဆောက်အအုံ တွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေကို ပြင်းထန်စွာ ကန့်ကွက်ရှုံချပြီးကျူးလွန်သူတွေကို ပြင်းပြင်း ထန်ထန် အရေးယူဖို့ PPST အဖွဲ့က၂၀၂၁နိုဝင်ဘာ၅က်နေ့မှာ  ကြေငြာချက် ထုတ်ပြန် ခဲ့တာပဲ တွေ့ခဲ့ဖူး တယ်။

ပြည်သူတွေဘယ်လောက်ပဲ အသတ်ခံရပါစေ၊PPST ကတော့ တစ်ပြားမှမလျှော့။တွေ့ဆုံဆွေးနွေးအ ဖြေရှာရေးကိုသာ ဆီမန်းမန်းသလို ရွတ်တယ်။အာဏာသိမ်းတာကိုလက်ခံသလားလို့မေးရင် လက်မခံ။လက်မ ခံဘူးဆိုပေမဲ့ လက်နက်ကိုင်တိုက်ခြင်းကိုလည်း လုံးဝလက်မခံ။ငြိမ်းချမ်းစွာဆန္ဒပြခြင်းကိုပင် ရာနှုန်းပြည့် လက်ခံသလား မသေချာ။ဒီလောက်လက်ရဲဇက်ရဲသတ်နေဖြတ်နေပြီး သူသွားချင်သလိုသွားနေတဲ့ မင်းအောင် လှိုင်နဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ကိုသာ တွင်တွင်ရွတ်ဆိုလို့။

တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းဆိုတာက ဘာ့အတွက် တွေ့ဆုံဆွေးနွေးအဖြေရှာမလဲဆိုတာ ရှိတယ်။ အာဆီယံဘုံသဘောတူညီချက်၅ရပ်ဆိုတာ အာဏာသိမ်းတာကိုလက်မခံ၊၂၀၂၀ရွေးကောက်ပွဲရလဒ် ကို အ တည်ပြုတယ်ဆိုတဲ့အထိုင်ကနေ ထွက်ပေါ်လာ ခြင်းဖြစ်တယ်။အဲဒါကြောင့် အာဆီယံဘုံသဘောတူညီချက် ၅ရပ်ရဲ့အဓိကအချက်က အကြမ်းဖက်တာကို အခုရပ်၊မြန်မာ့နိုင်ငံ ရေးဖြစ်စဉ်ထဲက ဘက်အသီး သီးပါဝင်တဲ့ တွေ့ဆုံဆွေးနွေး ရေးလုပ်၊အာဆီယံအနေနဲ့ တွေ့ဆုံဆွေးနွေးမှုအထမြောက်ရေးအတွက် အထူးသံတစ်ဦးခန့် အပ် တာဝန်ယူပေး မယ်ဆိုတာပါ။

၂၀၂၁ဧပြီ၂၄ရက်နေ့မှာအာဆီယံဘုံသဘောတူညီချက်၅ရပ် ထွက်ပေါ်လာခဲ့တယ်။နောက်နှစ်ရက်အ ကြာ ဧပြီ၂၆ရက်နေ့ PPST အစည်းအဝေးမှာ အာဆီယံမူ၅ရပ်ကိုကြိုဆိုကြောင်းနဲ့အမြန်ဆုံးအကောင်အထည် ဖော်ဖို့ PPSTခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်ဆစ်က ပြောကြားခဲ့တယ်။ဒါကိုကြည့်ခြင်းအားဖြင့် PPSTဟာ အာဆီယံမူ၅ရပ်ကို လက်ခံတယ်လို့ ပြောရပါမယ်။

အာဆီယံမူ၅ရပ်ဆိုတာ အာဆီယံရောနိုင်ငံတကာကပါ အသိအမှတ်လက်ခံထားသလို မင်းအောင်လှိုင် ကိုယ်တိုင်က ဖော်ဆောင်ပါမယ်ဆိုတဲ့အပေါက်မျိုးပြောကြားခဲ့ပြီးမှ အခုတစ်နှစ်ကျော်တဲ့အထိ ဘာတစ်ခုမှ မ ဖော်ဆောင်ရုံတင်မက ပြည်သူအပေါ်အကြမ်းဖက်မှု တွေ ပိုပက်စက်လာတာအားလုံးမြင်နေရပါတယ်။

မင်းအောင်လှိုင်က အာဆီယံမူ၅ရပ်ကို ဘာလို့ မလုပ်ဆောင်တာလဲဆိုတော့မူ၅ရပ်ဟာ  သူ့အာဏာ တည်မြဲရေးကို ငြင်းဆန်နေပြီး အာဏာသိမ်းကာလတစ်နှစ်ကျော်အတွင်း တိုင်းပြည်အပေါ်အကြမ်းဖက်ခဲ့တာ တွေကို သူတာဝန်ခံရမှာကြောင့်ဖြစ်တယ်။

အဲဒါကြောင့် စစ်ကောင်စီရဲ့ရှေ့လုပ်ငန်းစဉ်၅ရပ်ကို ကျစ်ကျစ်ပါဆုပ်ထားပြီးမြန်မာပြည်သူတွေကို ရောနိုင်ငံတကာအသိုင်းအဝိုင်းကိုပါ အာခံနေတာဖြစ်တယ်။ရှေ့လုပ်ငန်းစဉ်၅ရပ်ဟာ ပြည်သူတွေရဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ချခဲ့တယ်။အာဏာသိမ်းတာကို မသိမ်းပါဘူးလို့ ဆိုတယ်။၂၀၂၃မှာ စစ်အုပ်စုလက် ခံတဲ့ပါတီတွေနဲ့ စစ်အုပ်စုစိတ်ကြိုက်ရွေးကောက်ပွဲပြုလုပ်မယ်။အဲဒီရွေးကောက်ပွဲကစလို့ ဘယ်ပါတီဘယ် လောက်နိုင်နိုင် စစ်အုပ်စုကသာ အာဏာပိုင်စိုးတဲ့စနစ်နဲ့ ဒီမိုကရေစီရွှေရည်စိမ် စစ်အာဏာရှင်စနစ်နဲ့ တိုင်း ပြည်ကို ရာသက်ပန်အုပ်စိုးကြမယ်။မင်းအောင်လှိုင်ကတော့ ၂၀၂၃ရွေးကောက်ပွဲကနေ မသေမချင်းသမ္မတ ရာထူးယူမယ်ဆိုတာ နိုင်ငံရေးကကြီး၊ခခွေးလောက်သိရင် နားလည်ကြတယ်။

အခုမင်းအောင်လှိုင်ရှေ့မှောက် အရောက်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးကြမယ်ဆိုတာ နိုင်ငံရေးအရ အာဆီယံမူ၅ ရပ်ကို ငြင်းပယ်ပြီး ရှေ့လုပ်ငန်းစဉ်၅ရပ်ဖော်ဆောင်တဲ့ ပထမခြေလှမ်းဖြစ်တယ်။မင်းအောင်လှိုင် ပြောတဲ့ငြိမ်းချမ်းရေးကို အသိအမှတ်တယ်ဆိုတာ အာဏာသိမ်းစစ်အုပ်စုကို အစိုးရအဖြစ်အသိအမှတ်ပြုပေး တဲ့ သဘော ဖြစ်သလို စစ်အုပ်စုရှေ့လုပ်ငန်းစဉ်၅ရပ်ဖော်ဆောင်ရေးမှာ ခွေးကတက်နေရာကပါရလည်း ကျေနပ်ပါ တယ်လို့ မင်းအောင်လှိုင်ရှေ့ဒူးထောက်လိုက်တာလည်းဖြစ်တယ်။

ပြည်သူတွေဘက်ကနေ အခိုင်အမာရပ်တည်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရှိပြီသားမို့ မင်းအောင်လှိုင်ငြိမ်းချမ်းရေးပွဲ ဘယ်သူသွားတက်တက် ဘာမှဖြစ်မလာမှာလည်းသေချာတယ်။တစ်ခုတော့ ကောင်းသွားတယ်။မင်းအောင်လှိုင်ပြောတဲ့ငြိမ်းချမ်းရေးဟာ လူ့စည်းဘီလူးစည်းခွဲပြသလို ဘယ်သူက ဘာလဲဆို တာ ပြတ်ပြတ်ထင်ထင်မြင်ရတော့မှာသေချာတယ်။

ပြည်သူ့သစ္စာဖောက်တွေဟာ ဘယ်သူတွေလဲ၊မကြာမီ မြင်ရပါတော့မယ်။

ထွန်းလင်း