အရှေ့ပိုင်းတက္ကသိုလ်သမဂ္ဂအဖွဲ့ဝင်တဦးနဲ့ ကျောင်းသား၂ဦးဖမ်းဆီးခံရ #ရန်ကုန်

ဓာတ်ပုံ- EYUSU
ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ရရတကသ) အဖွဲ့ဝင်တစ်ဦး၊ ကျောင်းသား ၂ဦးအပါအဝင် အသက်မပြည့်သေးတဲ့ ၁၂နှစ်အရွယ် ကလေးငယ်တစ်ဦးကို အကြမ်းဖက်စစ်အုပ်စုက မတရားဖမ်းဆီးခဲ့တယ်လို့ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ EYUSU က ဒီကနေ့ ဧပြီလ ၂၉ရက်နေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ရရတကသ အဖွဲ့ဝင် ကော်မတီတာဝန်ခံဖြစ်သူ ကိုကောင်းခန့်နိုင် (စတုတ္ထနှစ် ကုန်ထုတ်ဓာတုဗေဒ)၊ ကိုဟိန်းထက်ဇော် (ဒုတိယနှစ် မြန်မာစာ အဝေးသင်)၊ ကိုသီဟအောင် (ဒုတိယနှစ် ဥပဒေပညာအဝေးသင်တို့နဲ့အတူ အသက် ၁၂နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဒေါပုံဘောလုံးကွင်းအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက ဧပြီလ ၂၈ရက်နေ့မှာ အကြောင်းမဲ့ ဖမ်းဆီးခဲ့တာပဲဖြစ်ပါတယ်။
EYUSU အနေနဲ့ ဖမ်းဆီးခံရတဲ့ ကျောင်းသားတွေရဲ့ သတင်းကို ဆက်လက်စုံစမ်းနေပြီး ဖမ်းဆီးခံရသူတွေ တစ်စုံတစ်ခုဖြစ်ပွားခဲ့ပါက အကြမ်းဖက်စစ်အုပ်စုရဲ့ တာဝန်သာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။