တံခွန်တိုင်ရဲစခန်းအတွင်း စခန်းချထားတဲ့ စစ်အုပ်စု ပြည်သူ ၃၀ခန့်ကို ဖမ်းဆီးသွာ

ဓာတ်ပုံ-KIC
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် တံခွန်တိုင်ကျေးရွာ ရဲစခန်းအတွင်းမှာ စခန်းကျတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ အနီးဝန်းကျင်ကျေးရွာတွေကို ဝင်ရောက်ပြီး ဒေသခံပြည်သူ ၃၀ဦးခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ KICသတင်းဌာနမှာ ဖော်ပြထားပါတယ်။
ဒီကနေ့ ဧပြီလ ၂၉ရက်နေ့ မနက် ၇နာရီခန့်မှာ စစ်အုပ်စုဟာ ခယ်ကျေးရွာအတွင်း ဝင်ရောက်ပြီး ပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးကာ လက်နောက်ပြန်ကြိုးချည်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။
အိမ်တွင်းမှာ ပုန်းအောင်နေထိုင်တဲ့ ပြည်သူတွေကိုလည်း လာရောက်အဖမ်းခံဖို့ ပြောဆိုပြီး လာရောက်အဖမ်းမခံတဲ့ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။
“ ဒီမနက် ခလယ်နဲ့ ခလယ်ရွာလေးကြားမှာ ရှိတဲ့နေအိမ်တွေ အယောက် ၃ဝ လောက် ဖမ်းခေါ်သွားတယ်။ တစ်ချို့အိမ်မှာ ပုန်းနေတော့ ဆင်းလာခဲ့ဖို့ ပြောတယ်။ မဆင်းလာရင် အိမ်မီးရှို့မယ်ပြောတော့ အဖမ်းခံလိုက်ရတာလည်း ရှိတယ်။ တစ်ချို့က လက်ပြန်ကြိုးတုပ်ချည်ပြီး ရွာလမ်းမအတိုင်းကို ဖမ်းခေါ်သွားတယ်”လို့ ဝင်းရော်ဒေသခံတစ်ဦးက KICသတင်းဌာနကို ဖြေကြားထားပါတယ်။
ဒီကနေ့ ဧပြီလ ၂၉ရက်နေ့ မနက် ၈နာရီခန့်မှာ တံခွန်ရွာ ရဲစခန်းကနေ ခယ်ကျေးရွာဘက်ကို ထိုးစစ်ဆင်လာတဲ့ စစ်အုပ်စုနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLAတို့ ခလယ်ကျေးရွာ အထက်တန်းကျောင်းအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက ရမ်းသမ်းပစ်ခတ်မှုကြောင့် မြို့ဟောင်းကျေးရွာမှာရှိတဲ့ အမျိုးသမီး ကျည်ထိမှန် ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
Source- KIC