ခင်ဦး-ရေဦးကားလမ်းဘေး ကျေးရွာနေ ပြည်သူတသောင်းကျော် စစ်ဘေးရှောင်ထွက်ပြေးနေရ

၂၉ ၊ ဧပြီလ ၊ ၂၀၂၂

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦး-ရေဦးကားလမ်းတလျှောက် စစ်အုပ်စုက စစ်ကြောင်းထိုး တိုက်ခိုက်နေတာကြောင့် ပြည်သူ ၁သောင်းကျော် စစ်ဘေးရှောင် ထွက်ပြေးနေရတယ်လို့ ခင်ဦးမြို့နယ် သတင်းအမှန်ပြန်ကြားရေးက ဒီကနေ့ ဧပြီလ ၂၉ရက်နေ့ မနက် ၁၀နာရီလောက်မှာ အရေးပေါ် သတင်းထုတ်ပြန်လာခဲ့ပါတယ်။

စစ်အုပ်စုဟာ ခင်ဦး-ရေဦးလမ်းပိုင်းပေါ်မှာ ဖြတ်သန်းသွားလာတဲ့ အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေ လုပ်ဆောင်နေတာကြောင့် ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်တယ်လို့ ဆိုပါတယ်။

တွေ့သမျှ ဖမ်းဆီးသတ်ဖြတ်နေတာကြောင့် ခင်ဦး-ရေဦး လမ်းပိုင်းပေါ် မတက်ကြဖို့ သတိပေးထားတယ်လို့  ခင်ဦးမြို့နယ် သတင်းအမှန်ပြန်ကြားရေးက ဆိုပါတယ်။

စစ်အုပ်စုရဲ့ ထောက်ပို့ယာဉ်တွေနဲ့ Mi-35 ယာဉ်တွေလည်း မြောက်ဘက်ကို ဦးတည်ပြီး လာရောက်နေတာကြောင့် ပြည်သူတွေ သတိထားနေထိုင်ကြဖို့ ထည့်သွင်းတိုက်တွန်းထားပါတယ်။