အရာတော်စစ်တပ်ထဲ ဒရုန်းနဲ့ ဒုတိယအကြိမ်မြောက်ဗုံးကြဲခဲ့

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်ထဲက အမှတ်(၁၀)လေ့ကျင့်ရေးတပ်ကို ဒုတိယအကြိမ်မြောက် ဒရုန်းနဲ့ ဗုံး ကြဲခဲ့ကြောင်း လျှပ်စစ်မိုးကြိုးမုန်တိုင်းတပ်ဖွဲ့က ဒီကနေ့သတင်းထုတ်ပြန်ပါတယ်။
အရာတော်မြို့၊အမှတ်(၁၀)လေ့ကျင့်ရေးတပ်(အရပ်ခေါ် အရှေ့တပ်) လူနေဆောင်ကို တပ်တွင်းသတင်းရင်းမြစ်တွေရဲ့ အကူအညီနဲ့ လျှပ်စီးမိုးကြိုးမုန်တိုင်းတပ်ဖွဲ့ နဲ့ ဗိုလ်မိုးသီးတပ်ဖွဲ့တို့ ဦးဆောင်ကာ အရာတော်မြောက်ပိုင်း မဟာမိတ်ညီနောင်တွေက ဧပြီ၂၇ရက်နေ့မွန်းလွဲ၂နာရီလောက်မှာ ဒရုန်းနဲ့ ဒုတိယအကြိမ်မြောက် ဗုံးကြဲခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
‘ဒီနေ့ခေတ်လူငယ်တွေရဲ့ စွမ်းရည်ပေါ့ဗျာ။ဘယ်က ဒရုန်းလွှတ်တင်တယ်ဆိုတာရှာဖို့မလွယ်တော့ စစ်တပ် ထဲမှာ ဘယ်နေ့ဗုံးမိုးရွာမလဲ ကြောက်နေကြတယ်လို့ ကြားတယ်။
သူတို့အတိုက်ခံရပြီဆိုရင် မြို့ပေါ်လာပြီး ရန်ရှာပြီး တောင်စစ်မြောက်စစ်တွေတော့ရှိတယ်။သူတို့ စစ်တာဆေးတာ လာပြီဆို ပြည်သူတွေက သိနေ ပြီ။ စစ်ခွေးတွေ တစ်နေရာရာမှာ တော့ ခံလာရပြီဆိုတာ’လို့ အရာတော်မြို့ ၁ရပ်ကွက်နေပြည်သူတစ်ဦးကပြောပါ တယ်။
အမှတ်(၁၀)လေ့ကျင့်ရေးတပ် လူနေဆောင်ကိုဧပြီ၂၃ရက်နေ့ ရက် ည၇နာရီကလည်း ဒရုန်းနဲ့ ပထမအကြိမ် ဗုံးကြဲခဲ့သေးတယ်လို့ အရာတော်အခြေစိုက် လျှပ်စစ်မိုးကြိုးမုန်တိုင်းတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။