မြင်းမူလမ်းပိုင်းတွေကို ယာယီအသုံးမပြုကြဖို့အရေးပေါ် သတိပေးချက်ထုတ်ပြန်

စစ်ကိုင်းတိုင်း၊မြင်းမူမြို့လမ်းပိုင်းတွေကို ယာယီအသုံးမပြုကြဖို့ Knight Commander’s PDF(MMU)က ဒီ နေ့မနက်ပိုင်းမှာ အရေးပေါ်သတိပေးချက်ထုတ်ပြန်ပါတယ်။
မုံရွာ – မြင်းမူ – မန္တလေး လမ်းပိုင်း၊ထီးဆောင်း-အရာတော်လမ်း၊ မြင်းမူမြို့နယ်အတွင်းရှိလမ်းပိုင်းတွေနဲ့ မြို့နယ်ချင်းဆက် လမ်းပိုင်းတွေကို အခုအချိန်ကစတင်ပြီး လုံးဝအသုံးမပြုကြဖို့ ပြည်သူကို အသိပေးကြောင်းနဲ့ သတိပေးချက်ကို လိုက်နာပေးခြင်းနဲ့ ကူညီပေးစေလိုကြောင်း ဒီနေ့မနက် ၇နာရီ မိနစ်၅၀မှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ ထုတ်ပြန်တာပါ။
Knight Commander’s PDF(MMU)ဟာ မြင်းမူအခြေစိုက် PDF တပ်ဖွဲ့ဖြစ်ပြီး ဧပြီ၂၂ရက်နေ့က စစ်ကိုင်းကနေ မုံရွာဘက်ထွက်လာတဲ့ အကြမ်းဖက်စစ်ကား၄စီးကို မြင်းမူမြို့နယ်အတွင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်သား၅ဦး သေဆုံးခဲ့ပါတယ်။