ရွှေဘို-မြစ်ကြီးနားလမ်းပိုင်း အသုံးပြုမှု ယာယီရပ်ထားဖို့ အရေးပေါ် သတိပေ

ဒီနေ့ မွန်းလွဲ ၂ နာရီကစပြီး ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းအသုံးပြုမှုကို ယာယီရပ်နားထားဖို့ နေလစင်္ကြာ-ရွှေဘို PDF က အရေးပေါ်သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။
ရွှေဘို-မြစ်ကြီးနား လမ်းပေါ်ရောက်နေတဲ့ ခရီးသည်တင်ယာဉ်၊ကုန်ကားနဲ့ တခြားယာဉ်တွေအားလုံး ရောက်တဲ့ နေရာမှာ ခေတ္တရပ်နားထားကြဖို့လည်း အသိပေးထားပါတယ်။
ကားလမ်း အသုံးပြုရမယ့် အချိန်ကို နေလစင်္ကြာ-ရွှေဘို PDF လူမှုကွန်ရက်စာမျက်နှာကနေ ပြန်လည်
အသိပေးကြေညာသွားမယ်လို့ သိရပါတယ်။