လုံခြုံရေးနှင့် သတင်းစုံစမ်းရေးအဖွဲ့ဥက္ကဌ ရဲမှူး ဝင်းနိုင်ကို ကဝ PDF ရှင်းလင်

ပဲခူးတိုင်း ကဝမြို့နယ် လုံခြုံရေးနဲ့ သတင်းစုံစမ်းရေးအဖွဲ့ ဥက္ကဌ ရဲမှူး ဝင်းနိုင်ကို ပဲခူးခရိုင်PDFတပ်ရင်း ၁ တပ်ခွဲ ၂၊ ကဝပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဒီကနေ့ ထုတ်ပြန်လာပါတယ်။
ဒီကနေ့ ဧပြီလ ၂၈ ရက်နေ့ မနက် ၅ နာရီကျော်လောက်က လက်ဖက်ရည်သောက်နေတဲ့ ရဲမှူးဝင်းနိုင်ကို ပဲခူးခရိုင် PDFတပ်ရင်း (၁) တပ်ခွဲ (၂) ရဲ့ တပ်ဖွဲ့ဝင် ၂ ဦးက သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“အတွဲလိုက်ပစ်သွားတာ ၅ ချက်ထိပြီး အဲ့မှာပဲ သေသွားတယ်၊ သူက PDF တွေကို ဖမ်းဖို့ လုပ်တာမှာ ရှေ့ဆုံးက ပါတဲ့သူ”လို့ ဒေသခံတက်ကြွလှုပ်ရှားသူတစ်ဦး ပြောပါတယ်။