မြန်အောင်မြို့မှာ တစ်နေ့ထဲ Mytel တာဝါတိုင်နှစ်ခု ဖျက်ဆီးခံရ

ဧရာဝတီတိုင်း မြန်အောင်မြို့နယ်မှာ ဒီနေ့ ဧပြီလ ၂၇ရက်နေ့ တစ်ရက်တည်း အကြမ်းဖက်စစ်အုပ်စုပိုင် Mytel တာဝါတိုင် နှစ်တိုင်ကို မိုင်းခွဲဖျက်ဆီးနိုင်ခဲ့တယ်လို့ ဧရာနဂါးညီနောင် ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဒီကနေ့ မနက် ၄နာရီခွဲလောက်မှာ အဆယ်ကျေးရွာအုပ်စု အဆယ်ကျေးရွာမှာရှိတဲ့ စစ်အုပ်စုပိုင် Mytel တာဝါတိုင်ကို အောင်မြင်စွာ ဖောက်ခွဲနိုင်ခဲ့ပြီးနောက် ၄နာရီ ၄၀မိနစ်ခန့်မှာ ဇလုပ်ကြီးကျေးရွာအုပ်စု ကန့်ဘလူကျေးရွာမှာရှိတဲ့ Mytel တာဝါတိုင်ကိုပါ ထပ်မံဖောက်ခွဲနိုင်ခဲ့တာပါ။
ဖောက်ခွဲမှုတွေ လုပ်ဆောင်အပြီးမှာ ဧရာနဂါးတပ်ဖွဲ့ဝင်တွေအနေနဲ့ ဘေးကင်းလုံခြုံစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။