ထားဝယ်-ထီးခီးလမ်းနဲ့ ဆက်စပ်လမ်းတွေကို တစ်ပတ်ပိတ်ထားမယ်

တနင်္သာရီတိုင်း ထားဝယ်ခရိုင်အတွင်း စစ်ရေးအရှိန်မြင့်တက်လာနေပြီး အကြမ်းဖက်စစ်အုပ်စုက ကုန်ကားတွေနဲ့ တွယ်ကပ်စီးနင်းတာနဲ့ ပြည်သူတွေအဖြစ် ဟန်ဆောင် သွားလာနေတာကြောင့် ထားဝယ်-ထီးခီးလမ်းနဲ့ ဆက်စပ်လမ်းတွေကို ဒီကနေ့ ဧပြီလ ၂၇ ရက်နေ့ ညနေ ၆ နာရီက စတင်ကာ တစ်ပတ်တိတိ ဖြတ်သန်းသွားလာခွင့် ပိတ်ထားမှာဖြစ်တယ်လို့ တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က သတင်းထုတ်ပြန်လာခဲ့ပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ စစ်တပ်ပိုင်ကားတွေကို အသုံးမပြုဘဲ ကုန်ကားတွေကို တွယ်ကပ်စီးနင်းတာ နိုင်ငံခြားကို တရားမဝင်ထွက်ခွာမဲ့ ပြည်သူတွေအဖြစ် ဟန်ဆောင်ကာ သွားလာနေတာပါ။
နယ်မြေစိုးမိုးရေးနဲ့ စစ်ဆေးရေးတွေ လုပ်ဆောင်ရာမှာ အခက်အခဲတွေ ကြုံတွေ့ခဲ့ရတာ​ကြောင့် ဧပြီလ ၂၇ ရက်နေ့ ညနေ ၆ နာရီကနေ မေလ ၄ ရက်နေ့ ညနေ ၆ နာရီအထိ ထားဝယ်-ထီးခီးလမ်း၊ ရေနက်ဆိပ်ကမ်း-မေတ္တာလမ်း၊ မောင်မယ်ရှောင်-ရေဝိုင်းနဲ့ ဆက်စပ်လမ်းတွေ၊ ဇဟာ-ဆီပင်ကွေ့-ရေလုံအင်းနဲ့ ဆက်စပ်လမ်းတွေကို ပိတ်ထားမှာဖြစ်တယ်လို့ သိရပါတယ်။
အရေးပေါ် သတိပေးထုတ်ပြန်ချက်ကို ပြည်သူအားလုံး ပူးပေါင်းပါဝင်ကိုလည်း တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က မေတ္တာရပ်ခံထားပါတယ်။