ရက္ခိုင့်တပ်တော် AAမှာ စစ်ပညာသွားရောက်သင်ယူခဲ့တဲ့ CDF – Mindatရဲဘော်တွေ

ချင်းပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားလာပြီး စစ်ပညာအားနည်းနေသေးတဲ့ CDF – Mindat အနေနဲ့ ရက္ခိုင့်တပ်တော် AAမှာ စစ်ပညာသင်ယူဖို့ စွန့်စားခန်းဖွင့်ကာ သွားရောက်ခဲ့ရတယ်လို့ CDF – Mindat က ဒီကနေ့ ဧပြီလ ၂၆ရက်နေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
စစ်ပညာသင်ယူနိုင်ဖို့အတွက် နည်းလမ်းပေါင်းစုံ နေရာပေါင်းစုံကို သွားရောက်သင်ကြားခဲ့ရပြီး ရက္ခိုင့်တပ်တော်မှာ CDF – Mindatက ရဲဘော် ၃၀ဦး သွားရောက် သင်ကြားခဲ့တယ်လို့ သိရပါတယ်။
ရက္ခိုင့်တပ်တော်မှာ သွားရောက်ပညာသင်ကြားခဲ့တဲ့ CDF – Mindat တပ်ဖွဲ့ဝင်တွေဟာ လက်နက်ခဲယမ်းအပြည့်အစုံနဲ့ ပြည်လည်ရောက်ရှိလာပြီဖြစ်တယ်လို့ CDF – Mindatရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။