မကွေးတိုင်း၊ပေါက်မြို့နယ်၊ရွှေဘုံသာရွာမှာ အထိုင်ချထားတဲ့ အကြမ်းဖက်စစ်အုပ်စုကို ဒေသတွင်းတော်လှန်ရေးအင်အားစုတွေပူးပေါင်းပြီး သွားရောက်တိုက်ခိုက်ခဲ့ရာ ၇ဦးသေဆုံးပြီး ဒဏ်ရာရသူများပြားတယ်လို့ သိရပါတယ်။
ဧပြီ ၂၅ရက်နေ့က ရွှေဘုံသာရွာမှာ အထိုင်ချထားတဲ့ စစ်တပ်နဲ့ ပျူစောထီးတို့ကို ပခုက္ကူ တော်လှန်ရေးတပ်ဦး (PRF) ၊ Pakokku Generation Z နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်- ပေါက်မြို့နယ် တို့ ပူးပေါင်းထိုးစစ်ဆင်ခဲ့ရာ မိနစ် ၃၀ လောက် အပြန်အလှန်ပစ်ခတ်ခဲ့ကြတယ်လို့ Pakokku Generation Z ကထုတ်ပြန်ပါတယ်။
ပခုက္ကူ၊၉ရပ်ကွက်နေတက်ကြွလှုပ်ရှားသူတစ်ဦးက ‘တော်လှန်ရေးအင်အားစုတွေက အရှိန်နဲ့ပြေးနေတဲ့ မြားတစ်စင်းလိုပါပဲ။အရင်ပြောက်ကျားစနစ်နဲ့ မိုင်းထောင်ပြေးအဆင့်ကနေ အခု အလစ်အငိုက်မှာ တပ်စခန်းတွေကို သွားတိုက်နိုင်တဲ့အဆင့်ရောက်လာပြီ။လက်နက်ကောင်းတွေသာရလာရင် ဒါ့ထက်ပို တိုက်နိုင်တော့မယ်’လို့ ဆိုပါတယ်။
ရွှေဘုံသာရွာတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုရဲဘော်တွေ အထိအခိုက်မရှိ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ပါတယ်။