စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့အထွက်မှာ ကင်းပုန်းဝပ်နေတဲ့ အကြမ်းဖက်တပ်ကို တော်လှန်ရေးအင်အားစုတွေက အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများတယ်လို့ သိရပါတယ်။
တန့်ဆည်မြို့အထွက် လမ်းဆုံ၊ ရွှေဒေါင်းမင်းဆီဆိုင်မှာ အကြမ်းဖက်စစ်သား ၃၀ လောက် ကင်းပုန်းဝပ်နေခြင်းဖြစ်ပြီး Myanmar Defense Force-Taze (Tiger) နဲ့ မြောက်ပိုင်းမဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်ရင်းတို့က ဧပြီ ၂၄ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း MDF – Taze Tiger က ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်သား ၂ ဦးသာ ထွက်ပြေးလွတ်မြောက်သွားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အားလုံး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ သိရပါတယ်။