ဒီနေ့ဧပြီလ ၂၃ စစ်ကိုင်းတိုင်း မုံရွာမြို့ လမ်းမတစ်ခုမှာကျောင်းသားလူငယ်တွေက အကြမ်းဖက်စစ်အုပ်စု ဆန့်ကျင်ရေး ပြောက်ကျားသပိတ် ပြုလုပ်ခဲ့ကြပါတယ်။
လူငယ်တွေက”ဒေါင်းအလံကို မောင်းပြန်နဲ့ ဘယ်အခါမှ မဖြိုခွဲနိုင်” ဟူသောစာတန်းပါ ဘန်နာနဲ့ မီးတုတ်တွေ ကိုင်ဆောင်ပြီး အကြမ်းဖက် စစ်အုပ်စု အမြစ်ဖြတ်ချေမှုန်းရေး ကြွေးကြော်ကာ လမ်းမတလျောက် ချီတက်ဆန္ဒပြခဲ့ကြတာပါ။
အဆိုပါ ဆန္ဒပြ သပိတ်ကို မုံရွာမြို့နယ်အခြေခံပညာ ကျောင်းသားများသမဂ္ဂမှ လူငယ်တွေ ဦးဆောင်ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။