ဒဂုံတက္ကသိုလ်ကျောင်းသား (၅) ဦး အဆက်အသွယ်ပြတ်နေ

Photo – ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
ဒဂုံတက္ကသိုလ်မှ ကျောင်းသား ၅ ဦးဟာ မနေ့က ဧပြီ ၂၁ရက်က စပြီး မိသားစုတွေ မိတ်ဆွေတွေနဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့လို့ ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂက သတင်းထုတ်ပြန်လာပါတယ်။
ဧပြီ ၂၁ က စပြီး ဒဂုံတက္ကသိုလ်ကျောင်းသားတွေ ဖြစ်တဲ့ ကိုခန့်ဇင်ဝင်း၊ကိုသူရမောင်မောင်၊ကိုဇော်လင်းနိုင်၊ ကို သီဟထက်ဇော်နဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားဟောင်းဖြစ်တဲ့ ကိုဟိန်းထက်တို့ဟာ မိသားစု၊ မိတ်ဆွေတွေနဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့တယ်လို့ ဆိုပါတယ်။
ဒီလို အဆက်အသွယ်ပြတ်တောက် နေတာဟာ အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံထားရတာ ဖြစ်နိုင်တယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ယူဆကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။