ဒီနေ့ဧပြီလ ၂၁ ရက်နေ့မှာ သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၈နှစ်ပြည့်အဖြစ် “တိုင်းပြည်အပေါ် စစ်တပ်ကျေးဇူး မူးလို့တောင် ရှုစရာမရှိ“စာတန်းကိုင်ဆောင် ချီတက် ဆန္ဒပြခဲ့ကြတာပါ။
လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အခြေခံပညာ ကျောင်းသားများ သမဂ္ဂမှ ဦးဆောင်ပြီး အမျိုးသမီးတွေ LGBTနဲ့ ပြည်သူတွေ ပူးပေါင်းပြီး အကြမ်းဖက်စစ်အုပ်စု အမြစ်ပြတ် ချေမှုန်းရေးနဲ့ နိုင်ငံရေး အကျဉ်းသားတွေအမြန်ဆုံး လွတ်မြောက်ဖို့ ချီတက် ဆန္ဒပြခဲ့ကြတာပါ။
တနိုင်ငံလုံးရှိ နိုင်ငံရေးအကျဉ်းသားတွေနဲ့အတူရပ်တည်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးလွှတ်ပေးဖို့ အပြာရောင်ဆင်တူအင်္ကျီတွေဝတ်ဆင်ပြီး လမ်းပေါ်ထွက်ဆန္ဒပြခဲ့တာပါ။