 Photo – Myaung Education Network
Photo – Myaung Education Network
 
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အခြေခံပညာစာသင်ကျောင်း ၂၂ ကျောင်းမြောက်ကို အောင်မြင်စွာ ဖွင့်လှစ်ထားနိုင်ပြီလို့ Myaung Education Network မြောင်ပညာရေးကွန်ရက်က ထုတ်ပြန်လိုက်ပါတယ်။
 
ဧပြီလ ၁၈ ရက်နေ့မှာ၂၂ ကျောင်းမြောက် အခြေခံပညာစာသင်ကျောင်းဖွင့်ပွဲ လုပ်ခဲ့တာဖြစ်ပြီး အဆိုပါစာသင်ကျောင်းဟာ အထက်တန်းအဆင့်ထိ သင်ကြားနိုင်တဲ့ စာသင်ကျောင်း ဖြစ်တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ခဲ့တာပါ။
 
မြောင်မြို့နယ်အတွင်း စာသင်ကျောင်းတွေ ဖွင့်လှစ်နိုင်ဖို့ ကျေးရွာကော်မတီတွေနဲ့ CDM ဆရာ၊ဆရာမတွေ ကျေးရွာအတွင်းက စေတနာနဲ့ဝင်ရောက်လုပ်ကိုင်ပေးတဲ့ ဆရာ၊ဆရာမတွေ ဖွဲ့စည်းပြီးဆောင်ရွက်ကြတာပါ။
 
မြောင်မြို့နယ် ပညာရေးကွန်ရက်ဟာ NUG ပညာရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်ကာ ကြားကာလ ပညာရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပြီး အဆိုပါ ကျောင်းဖွင့်ပွဲကို မြောင်ပညာရေး ကွန်ရက်မှ တာဝန်ခံတွေ မြောင်မြို့နယ်ပညာရေးဘုတ်အဖွဲ့ ၊ ကျောင်းပညာရေးကော်မတီ ၊ တိုင်းဒေသကြီးလွှတ်တော်အမတ် ၊ ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်တွေနဲ့ ရပ်မိရပ်ဖ ၊ မိဘ ၊ဆရာ၊ကျောင်းသား ၊ ကျောင်းသူများ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
 
Crd-Myaung Education Network