ဟိုင်းကြီးကျွန်းမြို့ ငါးပြေမကျေးရွာက စစ်အုပ်စုခန့် အုပ်ကြီး ရှင်းလင်းခံရ April 20, 2022 ဒေသအလိုက် သတင်းကဏ္ဍ ဓာတ်ပုံ-CJ ဧရာဝတီတိုင်း ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့ ငါးပြေမကျေးရွာမှာနေထိုင်တဲ့ အုပ်ချုပ်ရေးမှူး ကိုဇော်ထွန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက သေနတ်နဲ့ ပစ်ခတ် ရှင်းလင်းခဲ့တယ်လို့ သတင်းထုတ်ပြန်လာခဲ့ပါတယ်။ မနေ့က ဧပြီလ ၁၉ ရက်နေ့ ည ၈ နာရီခွဲလောက်မှာ ညီနောင်မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ Beach Defence Force (BDF)၊ Pathein Western Defence Force (PWDF)၊ West Coast Defense Force (WCDF) နှင့် SinYine Guerilla Force (SGF) တို့က ပူးပေါင်းရှင်းလင်းခဲ့တာပဲဖြစ်ပါတယ်။ “အိမ်ထဲမှာတင် သေနတ်နဲ့ ၈ ချက်တိတိ ဝင်ပစ်သွားတာလို့ ကြားတယ်၊ ရွာကတော့ လူကုန်ပျော်နေကြတာပေါ့ ဒီလူက တော်တော်ကိုဆိုးတာလေ PDF တွေက အရင်ထဲက သတိပေးတယ် အဲ့ဒါတောင် ရွာကိုဆက်ပြီးတော့ ဒုက္ခပေးနေတာ၊ အခုတော့ ရွာထဲမှာ တပ်က ကင်းပုန်းတွေချထားတယ် အဝင်အထွက်တွေ အကုန်ပိတ်ထားတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ရှင်းလင်းခံရတဲ့ ကိုဇော်ထွန်းဟာ စစ်အုပ်စုနဲ့ ပူးပေါင်းပြီး ပြည်သူတွေကို မတရားဖမ်းဆီး ငွေညှစ်တာ၊ ကျေးရွာအတွင်းမှာ လောင်းကစားဝိုင်းတွေကို လုပ်ဆောင်စေပြီး ငွေကြေးတောင်းခံတာတွေကို လုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ငပုတောမြို့နယ်ဧရာဝတီတိုင်း
နိုင်ငံရေး စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအသတ်ခံရမှုနဲ့သံသယနဲ့အဖမ်းခံရတဲ့ NLD ပါတီဝင်တွေ ထောင်ဆယ့်ငါးနှစ်အချခံရ December 30, 2022 နိုင်ငံရေး ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ကြောင်ပန်းကုန်းရွာမှာပြီးခဲ့တဲ့နှစ်အောက်တိုဘာလက စစ်ကောင်စီခန့် ရပ်/ကျေး အုပ်ချုပ်ရေးမှူး တဦး အသတ်ခံရမှုမှာ သံသယ နဲ့ အဖမ်းခံ ထားရတဲ့ NLD ပါတီဝင် ၇ ဦး ကို ပုသိမ် ထောင်တွင်း တရားရုံးက [ဆက်လက်ဖတ်ရှုရန်]
ဒေသအလိုက် သတင်းကဏ္ဍ အုပ်ချုပ်ရေးမှူးက ဈေးမြေကို အကွက်ရိုက်ပြီးရောင်းနေလို့ ဈေးသည်တွေ အခက်တွေ့ September 5, 2022 ဒေသအလိုက် သတင်းကဏ္ဍ ဧရာဝတီတိုင်း၊ မြောင်းမြမြို့ ၊ မြကန်သာရပ်ကွက် အုပ်ချုပ်ရေးမှူး က ဈေးသည်တွေကိုဖယ်ခိုင်းပြီး မြေနေရာကို အကွက်ရိုက် ရောင်းစားနေတဲ့အတွက် စျေးသည်တွေ အ ခက်တွေ့နေရတယ်လို့ သိရပါတယ်။ မြကန်သာရပ်ကွက် ဒိုဘီကုန်း စည်ပင်သာယာ ပျံကျဈေးက ဈေးသည်တွေကို ဖယ်ရှားခိုင်းပြီးနောက် [ဆက်လက်ဖတ်ရှုရန်]
ဒေသအလိုက် သတင်းကဏ္ဍ ငရုတ်ကောင်း နယ်မြေ ရဲစခန်းထဲပေါက်ကွဲမှုဖြစ်ပြီး ရဲတဦး ဒဏ်ရာရ March 10, 2023 ဒေသအလိုက် သတင်းကဏ္ဍ မတ်၊ ၁၀ ဧရာဝတီတိုင်း ငပုတောမြို့နယ် က ငရုတ်ကောင်း နယ်မြေရဲစခန်းမှာ မတ်လ ၉ရက် မနေ့က ညပိုင်းမှာပေါက်ကွဲမှု ဖြစ်ပြီး ရဲတဦး ဒဏ်ရာရသွားတယ် လို့ ဒေသခံ တွေဆီက သိရပါတယ်။ အဲ့ဒီ ရဲစခန်းက [ဆက်လက်ဖတ်ရှုရန်]