ဟိုင်းကြီးကျွန်းမြို့ ငါးပြေမကျေးရွာက စစ်အုပ်စုခန့် အုပ်ကြီး ရှင်းလင်းခံရ April 20, 2022 ဒေသအလိုက် သတင်းကဏ္ဍ ဓာတ်ပုံ-CJ ဧရာဝတီတိုင်း ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့ ငါးပြေမကျေးရွာမှာနေထိုင်တဲ့ အုပ်ချုပ်ရေးမှူး ကိုဇော်ထွန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက သေနတ်နဲ့ ပစ်ခတ် ရှင်းလင်းခဲ့တယ်လို့ သတင်းထုတ်ပြန်လာခဲ့ပါတယ်။ မနေ့က ဧပြီလ ၁၉ ရက်နေ့ ည ၈ နာရီခွဲလောက်မှာ ညီနောင်မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ Beach Defence Force (BDF)၊ Pathein Western Defence Force (PWDF)၊ West Coast Defense Force (WCDF) နှင့် SinYine Guerilla Force (SGF) တို့က ပူးပေါင်းရှင်းလင်းခဲ့တာပဲဖြစ်ပါတယ်။ “အိမ်ထဲမှာတင် သေနတ်နဲ့ ၈ ချက်တိတိ ဝင်ပစ်သွားတာလို့ ကြားတယ်၊ ရွာကတော့ လူကုန်ပျော်နေကြတာပေါ့ ဒီလူက တော်တော်ကိုဆိုးတာလေ PDF တွေက အရင်ထဲက သတိပေးတယ် အဲ့ဒါတောင် ရွာကိုဆက်ပြီးတော့ ဒုက္ခပေးနေတာ၊ အခုတော့ ရွာထဲမှာ တပ်က ကင်းပုန်းတွေချထားတယ် အဝင်အထွက်တွေ အကုန်ပိတ်ထားတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ရှင်းလင်းခံရတဲ့ ကိုဇော်ထွန်းဟာ စစ်အုပ်စုနဲ့ ပူးပေါင်းပြီး ပြည်သူတွေကို မတရားဖမ်းဆီး ငွေညှစ်တာ၊ ကျေးရွာအတွင်းမှာ လောင်းကစားဝိုင်းတွေကို လုပ်ဆောင်စေပြီး ငွေကြေးတောင်းခံတာတွေကို လုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ငပုတောမြို့နယ်ဧရာဝတီတိုင်း
ဒေသအလိုက် သတင်းကဏ္ဍ ကျောင်းကုန်းမြို့မရဲစခန်းက အချုပ်သားနှစ်ယောက်မှာ ကိုဗစ်ပိုးတွေ့ September 29, 2022 ဒေသအလိုက် သတင်းကဏ္ဍ ဧရာဝတီတိုင်း၊ ကျုံပျော်ခရိုင်အတွင်းရှိ ကျောင်းကုန်းမြို့မ ရဲစခန်းက အချုပ်သား (၂)ဦးမှာ ကိုဗစ် ၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ မြို့နယ် ကျန်းမာရေးဦးစီးဌာန ကပြောပါတယ်။ စက်တင်ဘာလ (၂၆) ရက်နေ့က အသက်( ၆၀) နှစ် အရွယ်ရှိ [ဆက်လက်ဖတ်ရှုရန်]
နိုင်ငံရေး ရခိုင်ရိုးမနဲ့ ထိစပ်တဲ့ သစ်တောအတွင်း စစ်ကောင်စီက တလနှစ်ကြိမ်ပုံမှန်စစ်ကြောင်းထိုးနေ February 24, 2023 နိုင်ငံရေး ဧရာဝတီတိုင်းက ရခိုင်ရိုးမနဲ့ ဆက်စပ်ထိစပ်တဲ့ သစ်တောနေရာတွေကို PDF တွေခိုအောင်းနေတယ်လို့ အကြောင်းပြကာ တလနှစ်ကြိမ်ပုံမှန်စစ်ကြောင်းထိုးလုပ်ဆောင်နေတယ်လို့ တပ်တွင်းနီးစပ်သူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ ဧရာဝတီတိုင်းအတွင်းက ရခိုင်ရိုးမနဲ့ ထိစပ်တဲ့ ကြံခင်း၊ ရေကြည်၊ သာပေါင်း၊ ပုသိမ်၊ ချောင်းသာ၊ ငွေဆောင်၊ [ဆက်လက်ဖတ်ရှုရန်]
ဒေသအလိုက် သတင်းကဏ္ဍ ကွင်းကောက်လေ့ကျင့်ရေးတပ် တိုက်ခိုက်ခံရအပြီး ကားလမ်းတလျှောက် စစ်ဆေးရေးတင်းကြပ်နေ June 3, 2022 ဒေသအလိုက် သတင်းကဏ္ဍ ဧရာဝတီတိုင်း အင်္ဂပူမြို့နယ်၊ ကွင်းကောက် အမှတ်(၅) လေ့ကျင့်ရေးတပ်ရင်း စစ်ဆေးရေးဂိတ်ကို မိုင်းပစ်တိုက်ခိုက်ခဲ့တယ်လို့ ဧရာနဂါးညီနောင် ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်လာခဲ့ပါတယ်။ မနေ့က ဇွန်လ ၂ရက်နေ့ ည၈နာရီ၁၀မိနစ်ခန့်မှာ စစ်ဆေးရေးဂိတ်ကို ခြေမှုန်းတိုက်ခိုက်ရေး မိုင်းအကြီးစား ၂လုံးခွဲပြီးနောက် စစ်အုပ်စုက [ဆက်လက်ဖတ်ရှုရန်]