ဟာသလူရွှင်တော် ကောင်းကျော် ဖမ်းဆီးခံရ

Photo- လူမှုကွန်ရက်
ဟာသလူရွှင်တော် ကောင်းကျော်ကို တော်လှန်ရေးအင်အားစုတွေနဲ့ ဆက်သွယ်နေတယ်လို့ စွပ်စွဲပြီး စစ်အုပ်စုက အကြောင်းမဲ့ ဖမ်းဆီးခဲ့တယ်လို့ ရန်ကုန်အခြေစိုက် အနုပညာသတင်းထောက်တစ်ဦးက ပြောပါတယ်။
မနေ့က ဧပြီလ ၁၉ ရက်နေ့ ည ၁၀ နာရီလောက်က ရန်ကုန်မြို့ သာကေတမြို့နယ်မှာရှိတဲ့ ကောင်းကျော်ရဲ့ နေအိမ်ကို စစ်အုပ်စုက အင်အားအများအပြားနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
စစ်အုပ်စုရဲ့ ဝါဒဖြန့်ချီရေး Telegramတွေဖြစ်တဲ့ ဟန်ငြိမ်းဦးရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ကောင်းကျော်ဟာ တော်လှန်ရေး အင်အားစုတွေနဲ့ ဆက်သွယ်နေပါတယ်လို့ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း သတင်းတွေ ဖော်ပြအပြီးမှာ အခုလို ဖမ်းဆီးခံရတာပါ။
စစ်အုပ်စုရဲ့ ဝါဒဖြန့်ချီရေး လူမှုကွန်ရက်တွေမှာ ဖော်ပြချက်တွေဟာ အချက်အလက် အကုန်အမှားအယွင်းဖြစ်နေတာကြောင့် ရှောင်တိမ်းနေစရာ မလိုဘူးလို့ ကိုကောင်းကျော်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ တုံ့ပြန်ရေးသားအပြီး ရက်ပိုင်းအတွင်း အခုလို ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
ဓာတ်ပုံ- လူမှုကွန်ရက်