The One Entertainment နဲ့ မြတ်မေတ္တာမွန် ဆီဆိုင်မှာ ဗုံးပစ်ခံရ

ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာရှိတဲ့ The One Entertainment နဲ့ အရှေ့မြင်းပြိုင်ကွင်း လမ်းပေါ်မှာရှိတဲ့ မြတ်မေတ္တာမွန်ဆီဆိုင်မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ ဧပြီလ ၁၉ ရက်နေ့ မနက် ၇ နာရီခွဲလောက်က ဗဟန်းမြို့နယ် ပြောက်ကျားတပ်ဖွဲ့နဲ့ မြို့နယ် ပကဖတို့ ပူးပေါင်းပြီး ဗုံးပစ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Bahan’s Guerrilla Force (B-PDF) သတင်းထုတ်ပြန်ထားပါတယ်။
မြတ်မေတ္တာမွန် ဆီဆိုင်ဟာ စစ်အုပ်စုရဲ့ ထောက်တိုင်အဖြစ် လုပ်ဆောင်နေပြီး The One Entertainment ကတော့ ပတ်ဝန်းကျင်ပြည်သူတွေအပေါ် စိတ်အနှောင့်ယှက်ပေးနေတာကြောင့် အခုလို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Bahan’s Guerrilla Force (B-PDF) က ဆိုပါတယ်။
တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ပျက်စီးမှုနဲ့ ဒဏ်ရာရရှိသူတွေ ရှိမရှိကိုတော့ သီးခြား အတည်မပြုနိုင်သေးပါဘူး။