ပုသိမ်တက္ကသိုလ် ဥပဒေကျောင်းသား ကိုအောင်သက်ပိုင်ကို စစ်အုပ်စုက ထောင်ဒဏ် ၂ နှစ်ချမှတ်

ဓာတ်ပုံ-လူမှုကွန်ရက်
ဧရာဝတီတိုင်း ပုသိမ်တက္ကသိုလ်က ဥပဒေ စတုတ္ထနှစ်ကျောင်းသား ကိုအောင်သက်ပိုင်ကို ထောင်ဒဏ် ၂နှစ် ချမှတ်လိုက်တယ်လို့ ပုသိမ်အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားတွေကို ကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောပါတယ်။
ဧပြီလ ၈ ရက်နေ့ မနက်ပိုင်းမှာ စစ်အုပ်စုရဲ့ ထောင်တွင်းတရားရုံးက ကိုအောင်သက်ပိုင်ကို ပုဒ်မ ၅၀၅(က) နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တာပဲဖြစ်ပါတယ်။
“ချုပ်ရက်နဲ့ လျှော့ရက်ခံစားခွင့်ရှိတယ်လို့ ကြားပါတယ်၊ သူက မနှစ်က ဖေဖော်ဝါရီလထဲက အဖမ်းခံထားရတာ”လို့ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးကပြောပါတယ်။
ပုသိမ်အကျဉ်းထောင်အတွင်း စစ်အုပ်စုက မတရားဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသား ၃၀၀ ကျော်အထိ ရှိနေတယ်လို့ သိရပါတယ်။