ရှားခဲမြို့ ကက်သလစ် ဘုရားကျောင်းရှိ ဘုန်းတော်ကြီးအပါအဝင် ၉ ဦးကို စစ်အုပ်စုက ဖမ်းဆီး

ဧရာဝတီတိုင်း ကျုံပျော်မြို့နယ် ရှားခဲမြို့ ကက်သလစ်ဘုရားကျောင်းမှာရှိတဲ့ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါး အပါအဝင် ပြည်သူ ၉ ဦးကို စစ်အုပ်စုက အကြောင်းမဲ့ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ ဧပြီလ ၁၀ ရက်နေ့ မနက် ၂ နာရီလောက်မှာ ဘုရားကျောင်းကို စစ်အုပ်စုက ဝင်ရောက်စီးနင်းပြီး အခုလို ဖမ်းဆီးသွားတာပါ။
ဖမ်းဆီးခံရသူတွေရဲ့ အမည်တွေနဲ့ ဘယ်ကိုဖမ်းဆီးသွားတယ် ဘာ့ကြောင့်ဖမ်းဆီးတယ်ဆိုတာကို စစ်အုပ်စုက သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
ဖေဖော်ဝါရီလက ကျုံပျော်မြို့နယ်အတွင်း ပေါက်ကွဲမှုအချို့ ဖြစ်ပွားခဲ့ပြီးနောက်မှာလည်း စစ်အုပ်စုက ပြည်သူအယောက် ၂၀ လောက်ကို အကြောင်းမဲ့ ဖမ်းဆီးခဲ့ပါသေးတယ်။