စစ်အာဏာရှင် ဆန့်ကျင်ရေး ရန်ကုန်သပိတ်

ဓာတ်ပုံ- ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)
ရန်ကုန်မြို့မှာ ဗကသများအဖွဲ့ချုပ်နဲ့ မဟာမိတ်အဖွဲ့အစည်းတွေ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုကို ဒီကနေ့ ဧပြီ ၁၀ ရက် မနက်ပိုင်းမှာ လုပ်ဆောင်ခဲ့တယ်လို့ ရေဘဝဲ (ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း) ဆီက သိရပါတယ်။
မြောက်ဥက္ကလာပမြို့နယ် အတွင်းမှာ မြောက်ဥက္ကလာပမြို့နယ်​ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦး​ဆောင်ပြီး သင်္ဃန်းကျွန်းမြို့နယ်​ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ တာ​မွေမြို့နယ်​ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နဲ့ရေဘဝဲ (ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း) တို့ ပူး​ပေါင်းပြီး “တောင်တန်းပြည်မ စုစည်းအားနဲ့ စစ် (၃) စစ်အား တိုက်ဖျက်ကြ” စာသားကို ကိုင်ဆွဲပြီး ​စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။