KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေ လေးကေကော်ဒေသ ရပ်ကွက်တွေမှာ နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့နဲ့ အကြမ်းဖငက် စစ်အုပ်စုတို့ကြား ဒီနေ့မနက် ၃ နာရီကတည်းက နေ့လည် ၂ နာရီခွဲအထိ တိုက်ပွဲပြင်းထန်နေပါတယ်။
တိုက်ပွဲမှာ စစ်အုပ်စုဘက်က အကျအဆုံးများပြီး တပ်မ (၄၄) က ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးကို ဖမ်းဆီးရမိကာ၊ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိထားတယ်လို့ PVTV သတင်းဌာနက ဖော်ပြပါတယ်။
ကော်ပရာစစ်ကြောင်း ဦးစီးတဲ့ KNLA ပူးပေါင်းတပ်ဖွဲ့က ဦးဆောင်တိုက်ပွဲဝင်နေတာဖြစ်ပြီး CDM တပ်မတော်သားအချို့လဲ ပါဝင်တိုက်ပွဲဝင်နေကြတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ စစ်အုပ်စုဘက်က တိုက်လေယာဉ်တွေနဲ့ အခေါက် ၂၀ ကျော် လာရောက်ပစ်ခတ်တိုက်ခိုက်နေတယ်လို့ မြေပြင်သတင်းပေးပို့ချက်တွေအရ သိရပါတယ်။