ရွာငံဒေသမှာ စစ်အုပ်စုနဲ့ PDF ပူးပေါင်းဖွဲ့တွေ တိုက်ပွဲဖြစ် စစ်အုပ်စုက ၄ ဦးသေ

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက ၄ဦးသေဆုံးသွားခဲ့တယ်လို့ ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ ဧပြီလ ၉ရက်နေ့ နေ့လည်ပိုင်းမှာ ရွာငံမြို့နယ် လွှစင်ကျေးရွာနဲ့ တောင်ပို့ကွဲကျေးရွာအကြားမှာ ပျူစောထီးခေါင်ဆောင်ဆိုသူ ဦးဝင်းမြင့်နဲ့အဖွဲ့ကို ရှင်းလင်းဖို့ စီစဉ်ခဲ့တာလို့ သိရပါတယ်။
ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့၊ တောင်ကြီးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ရှမ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့တို့ပါဝင်တဲ့ ပူးပေါင်းတပ်ဖွဲ့က စောင့်ဆိုင်းနေချိန်မှာ တောင်ကြီး-ရွာငံ-မန္တလေးပြေးဆွဲနေတဲ့ ရွှေဓနုကားနဲ့ ရောက်ရှိလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ညနေ ၄နာရီခန့်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။
တိုက်ပွဲအပြီးမှာ ပူးပေါင်းတပ်ဖွဲ့က ထိခိုက်သူမရှိဘဲ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။