မြိုင်အနောက်မြောက်ဘက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်တပ် တိုက်ခိုက်ခံရ

မကွေးတိုင်း၊မြိုင်မြို့နယ် အနောက်မြောက်ခြမ်းမှာ စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်တပ်ကို ဒေသခံ တော်လှန်ရေးအင်အားစုတွေပူးပေါင်းကာဆီးကြိုတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
ဒီကနေ့ ၁၂နာရီလောက်မှာ မြောင်မြို့နယ်အနောက်မြောက်ခြမ်း၊သီးပင်ကိုင်းရွာအနီးမှာ ၃နာရီကျော် ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပုလဲအခြေစိုက်ပြောက်ကျားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ရဲဘော်ပေ ကပြော ပါတယ်။
‘PDF တွေကတော့ အင်အားများတယ်။မိုင်းဆွဲပြီးတော့ တိုက်ခိုက်တာ။အခုအချိန်ထိတော့ အထိအခိုက်စာရင်း မသိရသေးဘူး’လို့ သူကပြောပါတယ်။
အကြမ်းဖက်စစ်တပ်အင်အား၁၀၀လောက်ရှိပြီး တောထဲမှာရှိတဲ့ တောင်သူတဲတွေကို စစ်တပ်က မီးရှို့ခဲ့တယ် လို့သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို ဒေသခံPDF တွေအပြင် PRA၊ ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ စတဲ့ ဒေသတွင်းတပ်ဖွဲ့တွေ စုစည်းတိုက်ခိုက်ခဲ့ကြပါတယ်။