သင်္ကြန်မဏ္ဍပ်ဆောက်ဖို့ သစ်ခွဲသားတွေကို ၂၄ နာရီထုတ်လုပ်ပေးနေတဲ့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့က မြန်မာ့သစ် လုပ်ငန်း (မုံရွာ) စက်ရုံကို မိုင်းနှစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဧပြီ ၈ ရက်နေ့ ညဦးပိုင်းမှာ Democratic Guerrilla Force-DGF က မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အိုးဘိုထောင်ရပ်ရှိ အမှတ် (၁) သစ်ပါးလွှာစက်ရုံ (မုံရွာ) က မီးလိုင်းနှစ်လိုင်းကို ဖြတ်တောက်နိုင်ခဲ့တယ်လို့ လည်း DGF က ထုတ်ပြန်ပါတယ်။
အခုရက်ပိုင်းမှာ မုံရွာနဲ့ တခြားမြို့နယ်တွေအတွက် သင်္ကြန်မဏ္ဍပ်ဆောက်ဖို့ လိုအပ်တဲ့ သစ်ခွဲသားတွေကို နေ့နေ့ညည စက်ရုံလည်ပတ်ပြီး အလောတကြီး ထုတ်လုပ်ပေးနေတယ်လို့ ဆိုပါတယ်။
မုံရွာမြို့က မြန်မာ့သစ်လုပ်ငန်းဟာ ၂၄ နာရီပြည့် စက်ရုံအင်အားပြည့် လည်ပတ်ကာ စစ်အုပ်စုကို ဝင်ငွေရှာပေးနေတဲ့ အကြမ်းဖက် ထောက်တိုင်အကြီးစား ဖြစ်တယ်လို့လည်းဆိုပါတယ်။