ဧပြီလ ပထမအပတ် ကရင်နီပြည် တိုက်ပွဲတွေမှာ စစ်အုပ်စု ၁၅ ဦးထက်မနည်းသေ

ကရင်နီ(ကယား)ပြည်နယ်အတွင်း ဧပြီလ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုနဲ့ KNDF၊KA တို့ တိုက်ပွဲတွေ နေ့စဉ်လိုလို ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက ၁၅ ဦးထက်မနည်းသေဆုံးကာ KNDFမှ တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ရတယ်လို့ ဒီကနေ့ ဧပြီလ ၈ ရက်နေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
စစ်အုပ်စုဟာ တိုက်ပွဲတွေအတွင်း လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၂ ဦး အသက်ဆုံးပါးခဲ့ရတယ်လို့ သိရပါတယ်။
တိုက်ပွဲတွေအတွင်း အထိနာနေတဲ့ စစ်အုပ်စုဟာ ဒီးမော့ဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ်တွေအတွင်းမှာရှိတဲ့ ပြည်သူတွေရဲ့ နေအိမ် ၃၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၉ လုံး လက်နက်ကြီးထိမှန် ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။