စစ်ကိုင်းတိုင်း မုံရွာမြို့ကနေ အရာတော်မြို့ကို ဦးတည်မောင်းနှင်လာပြီး တင့်ကားတွေ တင်ဆောင်လာတဲ့ စစ်အုပ်စုရဲ့ ကား ၉စီးပါ ယာဉ်တန်းကို မဟာမိတ်ညီနောင် ၉ဖွဲ့က ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Knights Of The Red Land(KORL) က သတင်းထုတ်ပြန်လာခဲ့ပါတယ်။
မနေ့က ဧပြီလ ၇ရက်နေ့ ည၁၀နာရီ ၃၀မိနစ်လောက်မှာ ရေနံဘိုကျေးရွာနဲ့ ဝါးတန်းကျေးရွာအကြားမှာ စစ်အုပ်စုရဲ့ ယာဉ်တန်းကို ပဒေသာမိုင်း ၅လုံး၊ တူမီးရှေ့ထွက်ကြီး ၂လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။
တိုက်ခိုက်မှုကြောင့် စစ်အုပ်စုက အသေအပျောက်များပြားနိုင်ခဲ့ပြီး ယာဉ်တန်းက ကားတစ်စီးဟာ ဒဏ်ရာရရှိသူတွေကို တင်ဆောင်ကာ မုံရွာမြို့ဘက်ကို ပြန်လည်မောင်းနှင်သွားတယ်လို့ KORL တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
တိုက်ခိုက်မှုကို Knights Of The Red Land(KORL) ပြောက်ကျားတပ်ဖွဲ့ နဲ့ ပတ္တမြားညီနောင် ပြောက်ကျားတပ်ဖွဲ့တို့က ဦးဆောင်ခဲ့ပြီး သပြေညိုပျောက်ကြားတပ်ဖွဲ့ ၊Ayadaw Bone Naing (A.B.N.PDF)Ayadaw Falcon Force(AF2)၊ AMT မြေပြင် ပျောက်ကြားတပ်ဖွဲ့၊ Excellent Flag တပ်ဖွဲ့၊ M.R.T.F တပ်ဖွဲ့ ၊ The Guys Of Burma Revolution Force(GBRF)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။