အကြမ်းဖက်စစ်အုပ်စုက ဦးဆောင် လုပ်ဆောင်နေတဲ့ သင်္ကြန်ပွဲတော်ကို ပြည်သူတွေအနေနဲ့ ပါဝင်ဆင်နွှဲတာတွေ မလုပ်ဆောင်ဖို့ နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အုပ်စုဟာ ပြည်သူတွေကို ဥပဒေမဲ့ ဖမ်းဆီးတာ၊ နှိပ်စက် သတ်ဖြတ်တာတွေကို လုပ်ဆောင်ကျူးလွန်နေပြီး နိုင်ငံတည်ငြိမ်နေသကဲ့သို ပြသနိုင်ဖို့အတွက် သင်္ကြန်ပွဲတော်ကို စည်ကားစေဖို့ အမိန့်ပေး ခိုင်းစေနေရာမှာ ပြည်သူတွေအနေနဲ့ မပူးပေါင်းကြဖို့ တောင်းဆိုလိုက်ပါတယ်။
နာဂဒေသမှာ စစ်အုပ်စုက ကျင်းပဖို့လုပ်ဆောင်နေတဲ့ သင်္ကြန်ပွဲတော်ကို နာဂပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့အနေနဲ့ လုံးဝအသိအမှတ်မပြုဘဲ တော်လှန်သင်္ကြန်အဖြစ် ဆင်နွှဲသွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သင်္ကြန်ပွဲတော်နဲ့ ပတ်သက်ပြီး ပျက်စီးဆုံးရှုံးမှုတွေနဲ့ ထိခိုက်သေဆုံးတာတွေ ရှိလာပါက စီစဉ်ကျင်းပတဲ့ စစ်အုပ်စုနဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေကသာ တာဝန်ခံရမယ်လို့ နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထည့်သွင်း သတိပေးထားပါတယ်။