Photo – GSCB
စစ်ကိုင်းတိုင်း ၊ မုံရွာမြို့က အာဇာနည်လမ်းမပေါ်မှာ ဒီကနေ့ ဧပြီလ ၈ ရက်နေ့ မနက်ပိုင်းက မုံရွာလူငယ်များအစည်းအရုံးနဲ့ ရပ်ကွက်သပိတ်စစ်ကြောင်းတို့ ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
အာဏာသိမ်း စစ်အုပ်စုက လုပ်မယ့် သင်္ကြန်ပွဲကို တော်လှန်တဲ့အနေနဲ့”အပျော်သင်္ကြန် တို့ငြင်းဆန် တော်လှန်သင်္ကြန် ပြည်သူ့အသံ”ဆိုတဲ့ စာသားကိုင်ဆောင်ပြီး ချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီနှစ်ရဲ့သင်္ကြန်ကာလမှာ ပြည်သူတွေအနေနဲ့ စစ်အုပ်စုက ပြုလုပ်တဲ့ သင်္ကြန်ရေကစားမဏ္ဍပ်တွေကု မသွားကြဖို့ ဒီတော်လှန်ရေးကာလ ဒီအချိန်အခါဟာ ပျော်ရွှင်မြူးတူးရမယ့် အချိန်မဟုတ်ဘဲ တော်လှန်သင်္ကြန်အဖြစ် ပြောင်းလဲပြီး ဆန့်ကျင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
ပြည်သူလူထုအနေနဲ့လည်း ဒီနှစ်အတာသင်္ကြန်မှာ အိမ်ထဲမှာနေပြီး ဆိတ်ငြိမ်သောတော်လှန်သင်္ကြန်အဖြစ် ပူးပေါင်းပါဝင်ပေးကြဖို့ တောင်းဆိုထားပါတယ်။