တန့်ဆည်မှာ စစ်အုပ်စု မိုင်းဆွဲခံရပြီး အရာရှိ၃ဦးအပါအဝင် ထိခိုက်သူများပြား

ဒီကနေ့ မနက်ပိုင်းက စစ်ကိုင်းတိုင်း တန့်ဆည်မြို့ ရွှေဥယျာဉ်အနီးမှာ အကြမ်းဖက်စစ်အုပ်စုကို တန့်ဆည်ဖီးနစ်တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စု အရာရှိ ၃ဦးအပါအဝင် ထိခိုက်သူများပြားခဲ့တယ်လို့ Phoenix Defence Force – Taze က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဧပြီလ ၈ရက်နေ့ မနက် ၉နာရီလောက်မှာ တန့်ဆည်မြို့နယ် တပ်မဟာ (၂) တပ်ရင်း (၇) တပ်ခွဲ(၃)က မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး မိုင်းထိမှန်မှုကြောင့် စစ်အုပ်စုလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အရာရှိတစ်ဦး၊ ဗိုလ်အဆင့် စစ်သားတစ်ဦးနဲ့ ရဲအရာရှိတစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူအရေအတွက်ကိုတော့ သီးခြား သတင်းထုတ်ပြန်ပေးသွားမယ်လို့ Phoenix Defence Force – Tazeက ဆိုပါတယ်။