ချောင်းဦးမှာ အကြမ်းဖက်စစ်သားတွေမိုင်းဆွဲခံရပြီး ၄၀လောက်သေ

မန္တလေး-မုံရွာလမ်းမကြီးပေါ် အိမ်စီးကားတွေနဲ့တက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ ရာ အသေအပျောက်၄၀လောက်အထိရှိတယ်လို့သိရပါတယ်။
ဧပြီ ၇ ရက်နေ့မနက်၂ နာရီခွဲလောက်မှာ အိမ်စီးကားအသေး ၃ စီး၊ကန်ဒါကားကြီး၂ စီးနဲ့ ရှေ့ဆုံးကားမီးဖွင့်ပြီး နောက်ကားတွေမီးပိတ်မောင်းလာတဲ့အကြမ်းဖက်စစ်ယာဉ်တန်းဟာ ချောင်းဦးမြို့နယ်၊နတ်ရေကန်နဲ့ ငါးယှန်ကြား အရောက် ကန်ဒါကား၂စီးမှာ PDF တွေထောင်ထားတဲ့ ပဒေသာမိုင်း၁၆လုံးထိမှန်ကာ ကားနှစ်စီးစလုံးပျက်စီး သွားခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
အကြမ်းဖက်စစ်သားတွေမိုင်းထိပြီးသေဆုံးတဲ့အရေအတွက်ကို ရွာခံတွေကပြောလို့သိရခြင်းဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုကို မြောင်၊ချောင်းဦးနဲ့မြင်းမူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၆ဖွဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ် ပြီးအမျိုးသမီးစစ်သည်တော်တပ်ရင်း(မြောင်)က ပဒေသာမိုင်းတွေပံ့ပိုးကူညီခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။