သင်္ကြန်ပွဲတော်မတိုင်မီနဲ့ သင်္ကြန်ပွဲတော်ကာလအတွင်း မြောင်းမြခရိုင်နဲ့ လပွတ္တာခရိုင်တွေမှာ အကြမ်းဖက်စစ်အုပ်စုက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အဖြစ် အယောင်ဆောင်ပြီး ဖောက်ခွဲမှုတွေ လုပ်နိုင်တာကြောင့် ပြည်သူတွေအနေနဲ့ လူစည်ကားရာ နေရာတွေကိုမလုပ်ဆောင်ဖို့ ဧရာဝတီလင်းပိုင်အဖွဲ့က သတိပေးထုတ်ပြန်လိုက်ပါတယ်။
မြောင်းမြခရိုင်နဲ့ လပွတ္တာခရိုင်အတွင်းမှာ စစ်အုပ်စုက ပျော်ပွဲရွှင်ပွဲနဲ့ ဘာသာရေးပွဲတွေကို ကျင်းပဖို့အတွက် ပြင်ဆင်နေပါတယ်။ အဲဒီနောက် လူစည်ကားရာနေရာတွေမှာ ဖောက်ခွဲမှုတွေလုပ်ဆောင်ပြီး PDFတွေ လုပ်ဆောင်တယ်လို့ ပုံဖျက်သတင်းထုတ်ပြန်ကာ အကြောင်းမဲ့ ဖမ်းဆီးတာတွေလုပ်လာနိုင်တယ်လို့ စစ်အုပ်စုနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ပြည်သူတွေထိခိုက်စေမယ့် အပြုအမှုတွေကို လုပ်ဆောင်မှာ မဟုတ်ဘဲ အကြမ်းဖက်စစ်အုပ်စုနဲ့ သူတို့ရဲ့ ထောက်တိုင်တွေကိုသာ သီးခြား ရှင်းလင်းသွားမှာဖြစ်တယ်လို့ ဧရာဝတီလင်းပိုင်အဖွဲ့က ပြောပါတယ်။
စစ်အုပ်စုဟာ လပွတ္တာခရိုင်နဲ့ မြောင်းမြခရိုင်တွေမှာ သင်္ကြန်ပျော်ရွှင်ပွဲတွေအပြင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွေကိုပါ ကျင်းပဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။