အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်အပါအဝင် နိုင်ငံပေါင်း ၁၀၆ နိုင်ငံက နိုင်ငံခြားသားတွေအတွက် ပြည်ဝင်ခွင့် တားမြစ်ချက်ကို ရုပ်သိမ်းပြီးတော့ ကိုဗစ်ဆိုင်ရာနယ်စပ်ကန့်သတ်ချက်တွေကို လျော့ချဖို့ ပြင်ဆင်နေတယ်လို့ ဂျပန်အစိုးရက ပြောပါတယ်။
တိုကျိုဟာ ကပ်ရောဂါကြောင့်ဖြစ်တဲ့ ကန့်သတ်ချက်တွေကို ဖြည်းဖြည်းချင်း ဖြေလျှော့ပေးခဲ့ပေမယ့် အခုအစီအစဉ်ကတော့ ပြည်ပခရီးသွားအတွက် နယ်စပ်စည်းမျဉ်းတွေကို အပြည့်အဝ ပြန်လည်ဖွင့်ပေး လိုက်တာတော့ မဟုတ်ပါဘူး။
နိုင်ငံပေါင်း ၁၀၆ နိုင်ငံက ခရီးသွားတွေအနေနဲ့ ဧပြီလ ၇ရက်နေ့ကစပြီး ဂျပန်နိုင်ငံသို့ ဝင်ရောက်ခွင့်ပြု သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဂျပန်နိုင်ငံဟာ ၂၀၂၀ခုနှစ် ကပ်ရောဂါအစောပိုင်းကာလမှာ နိုင်ငံခြားခရီးသွားအများစုအတွက် နယ်စပ်တွေကို ပိတ်ခဲ့ပြီး မကြာသေးခင်ကမှ ကျောင်းသားတွေနဲ့ စီးပွားရေးသမားတွေကို နိုင်ငံတွင်း ဝင်ရောက်ဖို့ လက်ခံခဲ့တာ ဖြစ်ပါတယ်။ တခြားဖွံ့ဖြိုးပြီးနိုင်ငံအများအပြားဟာလည်း ခရီးသွားတွေကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြ ပါတယ်။
အခုလိုပြည်ပခရီးသွားတွေကို ကန့်သတ်ချက်ဖြေလျော့လိုက်ပေမယ့် ဂျပန်ဟာ နောက်ထပ် နိုင်ငံပေါင်း ၅၆ နိုင်ငံကိုတော့ ပြည်ဝင်ခွင့်ပိတ်ထားဆဲ ဖြစ်ပါတယ်။