ချင်းပြည်နယ် တီးတိန်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်မင်းထွန်းကို အမည်မသိ သေနတ်သမားတစ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဒေသတွင်း သတင်းဖော်ပြချက်တွေအရ သိရပါတယ်။
မနေ့က ဧပြီလ ၆ ရက်နေ့ ညနေပိုင်းမှာ ထမင်းဆိုင်က ပြန်လာတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်မင်းထွန်းကို တီးတိန်မြို့မစျေးအနီးမှာ သေနတ်နဲ့ တေ့ပစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“သူက လူငယ်ပဲရှိဦးမယ် ဆောဘက်ကနေ ပြောင်းလာတာ၊ သေနတ်နဲ့တေ့ပစ်ခဲ့တာ ပွဲချင်းပြီးပဲ” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
ပစ်ခတ်မှုဖြစ်စဉ်နဲ့ ပက်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ သီးခြား သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။