ရွာနန်းရွာကို စစ်အုပ်စုက ရွာလုံးကျွတ် မီးရှို့ဖျက်ဆီ

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ရွာနန်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက အကြောင်းမဲ့ ဝင်ရောက်စီးနင်းပြီး ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဝက်လက်မြို့နယ် ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ ဧပြီလ ၇ ရက်နေ့ မနက်အစောပိုင်း ၂ နာရီလောက်မှာ ရွာနန်းကျေးရွာကို စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်ကာ မနက် ၅ နာရီလောက်မှာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တာပါ။
“ညဖက်မှောင်နေချိန်မှာ လက်နက်ကြီးနဲ့ ပစ်ပြီးတော့ ဝင်စီးတာ အဲ့မှာက တိုက်ပွဲဖြစ်မနေဘူး အကြောင်းမဲ့ လုပ်သွားတာ၊ လက်နက်ကြီးတွေနဲ့ စပစ်ထဲက ရွာထဲက အကုန်ထွက်ပြေးတာကို အိမ်တွေကို မီးရှို့သွားတာ၊ အိမ် ၇၀၀ ကျော်လောက်မှာ ၅၀၀ ကျော်လောက် မီးလောင်သွားတယ်” လို့ ဝက်လက်မြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။
ရွာနန်းကျေးရွာအနီးမှာရှိတဲ့ တောင်ကုန်းကျေးရွာကိုလည်း မတ်လအတွင်းမှာ စစ်အုပ်စုက ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။