အလုံမြို့နယ် YBS 56 ကင်းတဲအနီး ဗုံးပေါက်

ရန်ကုန်မြို့ အလုံမြို့နယ် YBS 56 ကင်းတဲအနီးမှာ ဗုံးတစ်လုံး ပေါက်ကွဲခဲ့တယ်လို့ အနီးဝန်းကျင်နေထိုင်သူတွေက ပြောပါတယ်။
ဒီကနေ့ ဧပြီလ ၆ရက်နေ့ ညနေ ၄နာရီ၁၅မိနစ်လောက်က ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုနဲ့ ပျက်စီးဆုံးရှုံးမှုတွေ မရှိခဲ့ဘူးလို့ သိရပါတယ်။
“YBSကို ဦးတည်ပြီးတော့ လုပ်တာနေမယ် ဘာမှတော့ မထိသွားဘူး၊ စခတွေကတော့ လာပြီးတော့ စစ်နေကြတယ်”လို့ အနီးဝန်းကျင်နေထိုင်သူ တစ်ဦးက​ ဆိုပါတယ်။
ပေါက်ကွဲမှုအပြီးမှာ အကြမ်းဖက်စစ်အုပ်စုက သခင်မြပန်းခြံလမ်းကို စစ်ကားတွေနဲ့ ပိတ်ဆို့ပြီး စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။