ပင်းတယမြို့အနီး တိုက်ခိုက်မှုမှာ ကလောအခြေစိုက်ပြောက်ကျားတပ်ဖွဲ့ ရဲဘော်နှစ်ဦးကျဆုံ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နားက အကြမ်းဖက်စစ်အုပ်စု စစ်ဆေးရေးဂိတ်တဲကို တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲမှာ ကလောအခြေစိုက်ပြောက်ကျားတပ်ဖွဲ့က ရဲဘော်နှစ်ဦးကျဆုံးခဲ့ပါတယ်။
ကျဆုံးခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦးမှာ ကလောမြို့နယ်အခြေစိုက် ပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Underground Revolution – UGRအဖွဲ့ကဖြစ်တယ်လို့ အောင်ပန်းမြိုပြပျောက်ကျားတပ်စုက သတင်းထုတ်ပြန်ထားပါတယ်။
ဧပြီ ၄ ရက် နေ့လယ် ၂ နာရီခွဲလောက်က ပင်းတယမြို့အရှေ့ဘက်အထွက် ရွာငယ်တံတားဂိတ်အနီးမှာ အကြမ်းဖက်စစ်အုပ်စုကို လူငယ်နှစ်ဦးက သွားရောက်တိုက်ခိုက်ရင်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ကျဆုံးခဲ့တာဖြစ်ပါတယ်။
အဲဒီဖြစ်စဉ်မှာ အကြမ်းဖက်စစ်အုပ်စုဘက်ကလည်း နှစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။
လက်နက်အင်အားမမျှတလို့ ကျဆုံးခဲ့ရတဲ့ရဲဘော်တွေရဲ့ တော်လှန်ရေးစိတ်ဓါတ်ပြင်းပြမှုကို လေးစားတဲ့‌အနေနဲ့ ကျန်ရဲဘော်တွေက တော်လှန်ရေး လုပ်ငန်းစဉ်‌တွေကိုဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။