ခရမ်း အကြမ်းဖက်ရဲတွေကို ၄၀ မမ အပြင်းစားဗုံးနဲ့ တိုက်ခိုက်

ခရမ်းမြို့နယ်၊ မက္ကသံကျေးရွာလာတဲ့ အကြမ်းဖက်ရဲတွေကို ၄၀ မမ အပြင်းစားဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဧပြီ ၅ ရက်နေ့ ညနေပိုင်းက ခရမ်းမြို့ မက္ကသံကျေးရွာလမ်းရောက်လာတဲ့ အကြမ်းဖက်ရဲတွေကို ခရမ်း PDF က ၄၀ မမ အပြင်းစားဗုံးနဲ့ ပစ်ခတ်ခဲ့ပေမဲ့ ပြည်သူဝင်ရောက်လာတာကြောင့် ပစ်မှတ်ကို အပေါ်ဘက်ထောင်ကာ ပစ်ခတ်ခဲ့ရကြောင်းဒါ့ကြောင့် ၄၀ မမ ဗုံးသီးဟာ ပစ်မှတ်အနီးကိုသာ ကျရောက် ပေါက်ကွဲခဲ့ကြောင်း ခရမ်း-PDF က ပြောတယ်လို့ ဒေသတွင်းနွေ ဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်ကဖော်ပြပါတယ်။
အကြမ်းဖက်စစ်အုပ်စုအပါအဝင် စစ်ရေးပစ်မှတ်နေရာတွေနဲ့ ဝေးဝေးနေခြင်းဟာ ဒီနေ့ခေတ်နေထိုင်မှုပုံစံ ဆိုတာကို လူတိုင်းသိသင့်နေပြီလို့ ခရမ်းမြို့ပေါ်နေ တက်ကြွလှုပ်ရှားသူတစ်ဦးကပြောပါတယ်။
‘ဒီစစ်ခွေးတွေနားမနေကြဖို့ဆိုတာက အခုထိ လိုက်သတိပေးနေရတာကိုက သဘာဝမကျဘူးလို့ ထင်တယ်။ အလိုလိုသိနေရမယ်။သူတို့နားနေခြင်းဟာ ကိုယ့်အတွက်အသက်အန္တရာယ်ရှိသလို တော်လှန်ရေးရဲဘော်တွေရဲ့လုပ်ငန်းဆောင်တာတွေအတွက် စိတ်အနှောက်အယှက်ဖြစ်ရမယ်ဆိုတာ သိကိုသိသင့်ပြီ’ လို့ သူက ပြောပါတယ်။
ခရမ်းပြည်သူတွေအနေနဲ့ စစ်သားတွေရှိရာ နေရာတွေမှာ မနေထိုင်ကြဖို့၊ လုံးဝမကပ်ကြဖို့နဲ့ ဝေးဝေးကနေရှောင်ရှားသွားကြပါဖို့ ခရမ်း PDF က နောက်ဆုံးအကြိမ် ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။