ရှမ်းမြောက် တရုတ် မြန်မာနယ်စပ် မုံးကိုးမြို့ပေါ်က စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာနဲ့ နေရာ အခက်အခဲတွေကြောင့် ထပ်ရောက်လာတဲ့ စစ်ရှောင်အချို့ ပြန်လှည့်နေရတယ်လို့ KNG သတင်းဌာနကဖော်ပြထားပါတယ်။
ဘာသာရေး ဘုရားကျောင်းဝင်းအတွင်း ဟောခန်းမ၊ ဝန်ထမ်းအိမ်ယာ စတဲ့နေရာတွေမှာ ဘုရားကျောင်းနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုများပြုလုပ်ဖို့ရှိလာတဲ့အတွက် စစ်ရှောင်တွေ တည်းခိုဖို့ ကြပ်တည်းလာနေတယ်လို့ ဆိုပါတယ်။
မုံးကိုး မြို့နယ်အတွင်း ပြီးခဲ့တဲ့နှစ် နှစ်လည်ခန့်ကစပြီး စစ်အုပ်စုနဲ့ ကိုးကန့် MNDAA တို့ကြား တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ကချင်၊ တအာင်း ပလောင်၊ တရုတ် ဒေသခံ ၈၀၀ ဝန်းကျင် မှာ ကချင် KBC ဘုရားကျောင်း၊ လီဆူဘုရားကျောင်း၊ ဘုန်းကြီးကျောင်း ငြိမ်းအေးမြေနဲ့ ထပ်တိုးထားတဲ့ နေရာ ၂ ရာမှာ လက်ရှိချိန်ထိ ယာယီ ခိုလှုံနေရတာဖြစ်ပါတယ်။
တစ်ဆက်တည်းမှာပဲ ရှမ်းမြောက် တရုတ်နယ်စပ်တစ်လျှောက် စစ်ရေးမတည်ငြိမ်သေးတာကြောင့် စစ်ရှောင်စခန်းဆီ ရောက်လာကြပေမယ့် နေရာအခက်အခဲတွေကြောင့် လက်မခံနိုင်တာတွေရှိ တယ်လို့သိရပါတယ်။
Source- KNG